Monday, October 4, 2010

သူရဲကောင်း ဖိတ်စာ

သူရဲကောင်း ဖိတ်စာ

ကျွန်တော်တို့ မြန်မာနိုင်ငံ အာဏာရှင်စနစ် ဆိုးအောက်မှ လွတ်မြောက်ပြီး ဒီမိုကရေစီ နိုင်ငံသို့ လမ်းလျှောက်ကြမည့် ခရီးစဉ်တွင် သင်သည် အဓိက အကျဆုံးလူဖြစ်နေသည် ကို မမေ့ပါနှင့် ။ ထိုသို့ပြောလိုက်၍ သင့်ကို မြှောက်ပြောတာဟု မထင်ထားပါနှင့် ။ ကျွန်တော့် မညာတတ် ၊ မလိမ်တတ်ပါ ။ ဘာကြောင့် ကျွန်တော် ထို့သို့ပြောရသည်ကို ရှင်းပြပါမည် ။ သင်သည် မြန်မာနိုင်ငံသားဟု သင့်ကိုယ်သင့် ခံယူထားလျှင် သင့်နိုင်ငံတိုးတက် ကောင်းမွန်ရေးကို သင်ကိုယ်တိုင်လုပ်ဆောင် ရပေမည် ။ အခြေအနေ အရပ်ရပ်ကို မှန်မှန်ကန်ကန် တွေးခေါ်ပြီး တကယ်လက်တွေ့ ကျကျ လုပ်ကြဖို့ အရေးကြီးနေပြီ ။ အဘက်ဘက်က ဆုတ်ယုတ်နေသော ကျွန်ူပ်တို့ တိုင်းပြည်ကို တကယ်ကောင်းစားစေချင်လျှင် သင့်ကိုယ်သင် အရင်ပြင်ရမည် ဖြစ်သည် ။ လူတကာ လက်ညိုးဝိုင်းထိုး နေသာ အာဏာရှင်တွေ သက်ဆိုးရှည်ရေး လမ်းစဉ်ကို သင့်ကူညီထောက်ပံ့ပေးနိုင်သလို ဒီမိုကရေစီ လမ်းဖောက်နေသူများကို ကူညီပေးနိုင်သူမှာလည်း သင်သာ ဖြစ်သည် ။ သင့်၏ ခွန်အားများကို အကျိုးရှိစွာ အသုံးချမည်လော ၊ တိုင်းပြည်ကို နွံနစ်သထက်နစ်လာအောင် ကူ၍ တွန်းချမည်လော ။ သေချာစွာ ဆင်ခြင်စဉ်းစားသင့်သည် ။ သင် အတိတ်က မှားခဲ့ကောင်း မှားခဲ့နိုင်ပါသည် ။ သို့သော် ပုစ္စုပ္ပန် လုပ်ရပ်များတွင် သင့်အမှားတွေ ပြင်ဆင်ပြီး အနာဂတ် တွင် ပိုမိုကောင်းမွန်သော နည်းလမ်းများဖြင့် တိုင်းပြည်အတွက် ဆက်လက်ကြိုးစားကြဖို့သာ ရှိပေသည် ။

ကျွန်ူပ်တို့ အားလုံး တော်လှန်ရေးဇတ်ကားများ ၊ ဇတ်ကြမ်းကား ရုပ်ရှင်များ ကြည့်ဖူးကြသည် ဟု ထင်မိပါသည် ။ ထိုဇတ်ကားများ ကြည့်သည့်အခါ ပြည်သူလူထု အား အကြမ်းဖက်သူ လူဆိုးတို့မှ ညင်းပန်းနှိပ်စက်သည့် အခန်းများတွင် ကယ်တင်ရှင် သူရဲကောင်းများ မြန်မြန်ရောက်လာ စေရန် ကြည့်နေရင်း မျှော်လင့်မိကြသည် မဟုတ်ပါလော ။ ထိုဇတ်ကားများ သည် ဒါ၇ိုက်တာ၏ ဇတ်ညွှန်းအတိုင်း ကနေကြသည်ကို သိလျှက်နှင့်ပင် သူရဲကောင်းတို့ ရောက်လာချိန်ကို မချင့်မရဲ စောင့်စားရင်း အားမလို အားမရ ဖြစ်ခဲ့ကြဘူးသည်ကို ပြန်လည် အမှတ်ရ ကြည့်ပါ ။ ထို့ကဲ့သို့ သူရဲကောင်း ရောက်လာ၍ ရန်သူလက်တွင်းမှ ပြည်သူလူထုကို ကယ်တင်ခန်းများ ကြည့်ရသည့် အခါတွင် စိတ်တွင် ကြည်နူးကာ လက်ခုပ်လက်ဝါး တီးကာ အားပေးသည့် လူများကိုပင် အများအပြားတွေ့ရှိရပါသည် ။ ယခုအချိန်တွင်လည်း မြန်မာနိုင်ငံ ပြည်သူလူထုသည် အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်အောင် ဆောင်ကြဉ်းပေးနိုင်မည့် သူရဲကောင်းကို စောင့်မျှော်လျှက် ရှိပါသည် ။ သို့သော် မည်သူမည်ဝါ သူရဲကောင်းလုပ်ရမည်ဟု သတ်မှတ်ထားချက် မရှိပါ ။ ထို့ကြောင့် သူရဲကောင်းတွေကို ချစ်မြတ်နိုးသော ကျွန်ူပ်တို့ တမျိုးသာလုံး သူရဲကောင်း ဖြစ်အောင် ကြိုးစားနိုင်ဖို့ အခါအခွင့်သင့်လေပြီ ဖြစ်သည် ။ အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်အောင်ကယ်တင်ပေးမည့် သူရဲကောင်းသည် သင်ကိုယ်တိုင်လည်း ဖြစ်နိုင်ပါသည် ။ အခြားသူများကို သူရဲကောင်းဘွဲ့အပ်နှင်းဖို့ စောင့်နေမည့်အစား သင့်ကိုယ်သင် သူရဲကောင်းဘွဲ့အပ်နှင်းလိုက်သည်က အကောင်းဆုံးဖြစ်ပေလိမ့်မည် ။

"မြတ်ဗုဒ္ဓကလည်း မိမိကိုယ်သာ ကိုးကွယ်ရာလို့ ဆုံးမလမ်းပြခဲ့ဘူး တယ်" ။ " ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း " ဟုတ် ဗိုလ်ချုပ်အောင်ဆန်းက ကဗျာ တပုဒ်ထဲတွင် ရေးပြခဲ့ဘူးတယ် ။ ဒီစကားတွေကို ဥပမာထားပြီး ကျွန်တော်တို့ ကြိုးစားကြရမယ် ။ တကယ်ရွေးစရာ လမ်းမရှိတော့လို့ တိုက်ပွဲဝင်ကြပါစို့လို့ လိုက်လံ နိုးဆော်နေတာပါ ။ ပြည်သူတွေ ဆင်းရဲ ဒုက္ခရောက်နေတာလည်း အားလုံးမျက်မြင် ကိုယ်တွေ့ပါဘဲ ။ ၂၂ နှစ်တော်လှန်ရေး ဆင်နွှဲခဲ့တာ မအောင်မြင်ပါဘူးလို့ ပြောလာတဲ့သူတွေကို ပြန်မေးကြည့်ပါအုံး ။ ၂၂ နှစ်လုံးလုံးတိုင်းပြည် ဘဏ္ဍာတွေကို စိတ်ကြိုက်အသုံးချခဲ့ ပြီး ပြည်သူလူထု ဘ၀ကို လက်နက်ပြအုပ်စိုးထားတဲ့ အစိုးရ ကကော တိုင်းပြည်အတွက် ဘာတွေများ လုပ်ပေးပြီးပြီးလဲ ။ လွန်ခဲ့တဲ့ ၂၂ နှစ် က ပြည်သူလူထု ရပ်တည်ရတဲ့ အခြေအနေထက် အခုအခြေအနေ ပိုမိုဆိုးရွားလာတာ ဘယ်သူကြောင့်လဲ ။ ဆက်ငုံ့ခံနေရင်တော့ အမျိုးပျေက်မှာ သေချာတယ် ။ အာဏာကို လွန်စွာ တွယ်ကာမက်နေတဲ့ လူတွေက မေတ္တာတရားဆိုတာ နားမလည်ကြတော့ဘူး ။ ဘုရားတွေ လှည့်တည်နေတဲ့ သူတို့တစ်တွေကဘဲ သံဃာတွေကို သတ်ပြခဲ့တယ် ။ အဲဒါသာသနာကို စော်ကားတာလား ၊ ချီးမြှောက်တာလား စဉ်းစားစရာ မလိုတော့ဘူး ။ လူမျိုးနဲ့သာသနာ တည်မြဲစေဖို့ အတွက် ကြိုးစားရမည့် အချိန်အခါမှလည်း သင့်က အဓိကကျဆုံး လူသားဖြစ်ပေသည် ။ သင့်ပတ်ဝန်းကျင်တွင် ကြီးဆိုးနေသည့် မတရား အဓမ္မမှုများ ကို ကာကွယ်ရန်မှာ သင်၏ တာဝန်ဝတ္တရား ပင်ဖြစ်လေသည် ။


ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံးကို သူတို့နားလည် အောင် အဓိပ္ပာယ်ဖွင့်ဆိုပေးနိုင်တဲ့ လူတွေ သူတို့ အနားမှာ တစ်ယောက်မှ မရှိပါဘူး ။ ဖြစ်ချင်တာဖြစ် ပစ်သာပစ် ကွာ ဆိုတဲ့ သူတို့ ပါးစပ်ဖျားက အမိန့်စကားအောက်မှာ အသက်ကွယ်ကာ ပျောက်ခဲ့ရတဲ့ ရဟန်းရှင်လူ ကျောင်းသား ကျောင်းသူတွေ နည်းတော့တာ မဟုတ်ဘူး ။ တဖြည်းဖြည်းနဲ့ လူ့အခွင့်အရေးတွေ ဆုံးရှုံးလာတာ နိုင်ငံတော် သီချင်းတောင် ခင်ဗျာတို့ လွတ်လွတ်လပ်လပ်ဆိုလို့ ရတော့လို့လား ။ ကျွန်တော်သိတဲ့ ဒီမိုကရေစီ လမ်းစဉ်ဆိုတာ လူထုက အုပ်ချုပ် အာဏာအပ်နှင်းတာ ဖြစ်တယ် ။ လူထုဆန္ဒကို လည်း လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရှိတယ် ။ အခုတော့ စာနယ်ဇင်း လွတ်လပ်ခွင့်တောင် မရှိဘူး ။ ဒါဟာ ဒီမိုကရေစီ လမ်းစဉ် ကို ချည်းကပ်တာ မဟုတ်ဘူး ။ ဖက်ဆစ်စနစ်ကို ပြန်လည် အသက်သွင်းဖို့ ကြိုးစားနေတာ ။ ဒါတွေကို ငုံခံနေစရာ အကြောင်းမရှိဘူး ။ ပြည်သူ့ဆန္ဒဖော် တွေကို ဖော် ထုတ်ပြသရမယ် ။ သမိုင်းကြွေးတွေ ဆပ်စရာ အများကြီး ဘဲ ၊ ထပ်ပြီး အကြွေးတင် မခံကြတော့နဲ့ ရသလောက် တော့ နိုင်ရာတာဝန်ထမ်းပြီး ဆပ်ဖို့ကြိုးစားပေးကြပါ ။နောင်လာမည့် မျိုးဆက်တွေကို ကျွန်ူပ်တို့ကဲ့သို့ စနစ်ဆိုးကြီးရဲ့ ဒဏ်ကို မခံစားရစေဖို့ ယခုချိန်က စပြီး အာဏာရှင်စနစ်ကို တိုက်ထုတ်ဖို့ ကြိုးစား အားထုတ်ကြရမည် မှာ မြန်မာနိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ပေသည် ။

ကျွန်ူပ်တို့လိုချင်သော အုပ်ချုပ်ရေး ပုံစံကို ကျွန်ူပ်တို့ ကိုယ်တိုင်ပင် ဖန်တီးရယူရမည် ။ ကျွန်ူပ်တို့ တိုင်းပြည်အား ငြိမ်းချမ်းသာယာ၍ ခေတ်မှီဖွံ့ဖြိုးတိုးတက်မှု ကို အမှန်တကယ် လိုလားလျှင် ကျွန်ူပ်တို့ လက်တွဲကာ ၀ိုင်းဝန်းကြိုးစားကြရမည်ဖြစ်သည် ။ထိုသို့သော တရားမျှတ၍ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော အုပ်ချုပ်ရေး စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လူထုဆန္ဒဖော်ထုတ်ပွဲ များ ကျင်းပ၍ တောင်းဆို တိုက်ပွဲဝင်ရန် ကြံစည်ကြိုးကုတ် အားထုတ်လုပ်ဆောင် သင့်သည့် အချိန်အခါ သို့ရောက်ရှိလာပေမည် ။ တိုက်ပွဲဝင်ရာတွင် လည်း အချိန်တိုတိုနှင့် အထိရောက်ဆုံးဖြစ်အောင် ကျွန်ူပ်တို့ဘက်မှ စီစဉ်ထားရှိကြရမည် ဖြစ်လေသည် ။ ယခုတိုက်ပွဲသည် ကျွန်ူပ်တို့ တိုင်းပြည် အတွက် နောက်ဆုံး ဒီမိုကရေစီ တိုက်ပွဲ ဖြစ်သည်ဟု ဆုံးဖြတ်ကာ မကြေက်မရွံ့ နောက်မတွန့်ဘဲ တိုက်ပွဲဝင်ကြလျှင် မုချအောင်မြင်မှု ရမည် ဖြစ်သည် ။ သင်၏ သတ္တိနှင့်စွမ်းရည်ကို ယုံကြည်သလို့ သင်၏ တိုင်းပြည်အပေါ်ထားရှိသော တိုင်းပြည် ကို ချစ်မြတ်နိုးစိတ် ကိုလည်း ကျွန်ူပ် အကြွင်းမဲ့ ယုံကြည်ပါ၏ ။ ထိုကြောင့် နောင်အခါဝယ် မြန်မာပြည်၏ ဒီမိုကရေစီ သူရဲကောင်း ပါလို့ ပြည်သူလူထု နူတ်ဖျားမှ ရွတ်ကာ စိတ်ဝယ် တသသနှင့် တမ်းတရသည့် သူရဲကောင်းဖြစ်လာမည့် သင့်ကို ကျွန်ူပ်မှ တိုက်ပွဲဝင်ရန် လေးစားစွာ ဖိတ်ခေါ် အသိပေး အကြောင်းကြားလိုက်ပါသည် ။


ခင်မင်လေးစားလျှက်

ဗမာ့သွေး

1 comment:

  1. မိမိကိုယ်သာ ကိုးကွယ်ရာ

    ReplyDelete