Tuesday, October 26, 2010

ငါတို့ နိုင်ငံအလံ

ရဲရင့်တည်ကြည်တဲ့ လူတစ်ယောက်
ငြိမ်းချမ်းမှုကို ထွေးပိုက်
သစ္စာတရားကို ဦးထိပ်ထားတဲ့ကြယ်ဖြူတွေ ၀န်းရံ
လယ်သမားနဲ့စက်ရုံအလုပ်သမားတွေက ခြံရံ
ချီတက်လာတဲ့ဟန်နဲ့ ဒို့နိုင်ငံရဲ့ အလံ ....။

ရာဇ၀င်နဲ့ချီပြီး အဓိပ္ပါယ်သက်ရောက်တဲ့
နိုင်ငံတော်တစ်ခုရဲ့အလံ…
ဇကောတစ်ချပ်လောက် ဇောက်မနက်
လူယုတ်မာတို့ ရဲ့ အကြံပက်စက် မှု
ကြယ်ဆယ့်လေးပွင့်ရဲ့ဈာပန..
ကြွေကျနေတဲ့စပါးသီးတွေ..
သံချေး တက်ခံလိုက်ရတဲ့ စက်သွား..
ငါ့နားထဲမှာ ရင်ထဲကအသံ
ပဲ့တင်ထပ်ကာ ပျံ့လွင့်နေပါရဲ့…။

အဖြူရောင်၏အဓိပ္ပါယ်…မှာ….
အပြာရောင်၏အဓိပ္ပါယ်မှာ…
စပါးနှံနှင့်စက်သွား…
အရွယ်တူ ကြယ်ဖြူဆယ့်လေးလုံးက…၀န်းရံ…လျက်ရှိ…
ထိုအရွယ်တူကြယ်ဖြူဆယ့်လေးလုံးမှာ
…တိုင်း၇ခု..ပြည်နယ်၇ ခုတို့ ကိုယ်စားပြု..
တိုးတိုးလေး ရေရွတ်ရာက ပါးထက်က ကြလာတဲ့ မျက်ရည်
ဆုပ်ထားတဲ့ လက်သီးပေါ်ကိုကျဆင်း
ဒေါသပြင်းလို့ မာန်တင်းထားပေမယ့်
သိလိုက်ရတဲ့ အတွေးတခု ....
ငါတို့ရဲ့ အဘိုးအဘွားတွေ သမိုင်း..ရာဇ၀င်အရိုင်းခံလိုက်ရပြီ.
ငါတို့လူငယ်တွေရဲ့အနာဂတ်..
ဖျာလိပ်လို အလံနဲ့အပတ်ခံလိုက်ရပြီ…
မိဘ နှစ်ပါး ရဲ့ နေရာမှာ ပြက္ခဒိန် ကားချပ်ကို အစားထိုး
ဧည့်ခန်းလို နေရာမျိုးမှာ တင့်တယ်ပါ့မလား .....။

ကြယ်တွေရဲ့သစ္စာ ခိုင်မာမှုက လေးနက်လှတယ် ၊
ကြွေကျချိန်ထိ လူတွေကို အလင်းပြသွားတယ် ။
သူတို့မှာ ရှိတဲ့ ဒြပ်ထုနဲ့ အင်အားကို အသုံးချပြီး
ကမ္ဘာမြေကိုနင်းခြေမသွားဘူး ။
ဘယ်သူ့ကိုမှ မနှိပ်စက်ပြသွားဘူး ။
နောက်ဆုံးအချိန်မှာ တောင် လောင်စာကို သယ်ဆောင်ပြီ
အင်မတန်ပြင်းတဲ့ လေထုကို ထွင်းဖောက်
ကမ္ဘာမြေပေါ်ကို အမှုန်လောက်ဘဲ ကျရောက်စေခဲ့တဲ့ သူတို့ရဲသစ္စာတရား
ငါတို့ရင်ဝယ်သားလို သိမ်းထားသင့်တယ် ။ ။

ငါတို့ချစ်တဲ့ကြယ်တွေ…အကြွေခံလိုက်ရပြီ….
အရိုင်းတစ်ကာ့အရိုင်းဆုံးထဲက…လူမှုရေးသမိုင်း.
.အရိုင်းခံလိုက်ရပြီ..
သမိုင်းစာအုပ်ကို ဆွဲကာဆုတ်လိုက်သလိုဘဲ
ငါ့တို့ ရင်နင့်နေအောင် ခံစားလိုက်ရတယ် ။
လက်မခံသင့်တဲ့အပြောင်းအလဲထဲမှာ..
ငါတို့က အရုပ်တွေမဟုတ်ဘူး..
ငါတို့က ကြိုးတွေမဟုတ်ဘူး..
ငါတို့က ခြံထဲကနွားတွေမဟုတ်ဘူး..
ငါ..တို့…က..
ပေါက်ကွဲချိန်အလွန်ခံလိုက်ရတဲ့..ဒိုင်းနမိုက်တွေဖြစ်တယ်...
ပွင့်ချိန်အလွန်ခံခဲ့ရတဲ..သစ်သီးတွေဖြစ်တယ်..

ငါတို့စိတ်မှာလွှမ်းနေတဲ့ နိုင်ငံအလံကိုဆွဲခွာပြီး
သူတို့တွေ ပြည်သူတစ်ရပ်လုံးကို မုဒိန်းကျင့်လိုက်ပြီ.
...ငါတို့..သူတို့ပေးတဲ့ရင်သွေးကိုလွယ်ပြီးမွေးမလား..
မရင့်မာခင် ဖျက်ချပစ်မလား…
ရက်လွန်နေတဲ့သိက္ခာတွေအတွက်.
ငါတို့ပြန်ဆယ် ကြမှ ဖြစ်တော့မယ်.............

အမှန်တရားကို ရှေးရှု သိက္ခာဆယ်မဲ့ ဒီအမှု အတွက်
ဒို့မျိုးဆက်ရဲ့ အနာဂတ်မှာ
ဒီလို ဆိုးကျိုးတွေ ရပ်တန့်သွားအောင်
ကြယ်တွေကို ဥပမာထား စတေးခံလိုက်ရင် ကောင်းမလား ၊
ဝိုးတ၀ါးနဲ့ ဆက်လျှေက် လမ်းပျောက်နေတဲ့ ဒီခရီး
ကောင်းကင်ကကြယ်တွေကို မော့ကြည့်နေတုန်း
သူ့တိုတွေကအလင်းပြ ငါတို့ကို အားပေးနေရှာ တုန်းပါလား
တွေးရင်း တွေးရင်း အားအင်ပွားတယ
် ရုန်းထကြစို့လား သူငယ်ချင်း ....။



ခင်မင်လးစားလျှက်

စာခြောက်ရုပ်နှင့် ဗမာ့သွေး
ပေါင်းစပ်ကာ တင်ပြပေးလိုက်ပါသည် ။

အမြင်မှားကို လက်ခံထားကြသူများ



ကျွန်တော်တို့ ငယ်ငယ်တုန်းက စစ်အစိုးရ ၀ါဒဖြန့် ဇတ်လမ်း ရုပ်ရှင်ကားများ အလွန်များသည် ။ တိုင်းပြည် မငြိမ်မသက် ဖြစ်နေတာကို နိုင်ငံရေး လုပ်ရှားသူများ ကြောင့်ဟု အဓိပ္ပာယ်ပေါ်အောင် အမျိုးမျိုး လုပ်ဆောင်ပြကြသည် ။ အချို့အတွေးအခေါ်များသည် ၀ါဒဖြန့်သည်ဟု မထင်ထားရအောင် ညက်ညောလှပေသည် ။ ကိုယ်ကျိုးရှာလိုသည့် အသိညဏ်ကို သစ္စာဖောက်သည့် ပညာရှင် အမည်ခံများ၏ လုပ်ရပ်များကြောင့် ယနေ့လူငယ်များသည် နိုင်ငံရေး ဆိုသည့်စကားကို ပြောကြားရမည်ကို ပင် ခါးသီးစွာ ငြင်းဆန်နေကြသည် ။

မည်သည့်ဇတ်လမ်းထဲ တွင်ဟု ပါဝင်သည်ဟု အသေအချာ မမှတ်မိသော်လည်း ထို ၀ါဒဖြန့်သည့် အတွေးအခေါ် တရပ်သည် လူတော်တော်များများ ယခုချိန်ထိ လက်ကိုင်ထားကြတုန်းပင်ဖြစ်သည် ။ သူတို့တင်ဆက် ပြသပုံမှာ ( ဂ ) အက္ခရာလေးကို ရေး၍ အမြင် မတူသည့် ဘက်မှကြည့်ကာ
အဓိပ္ပာယ်ကောက်ယူကြခြင်းကို တင်ပြထားသည် ။ တပည့်ဖြစ်သူဘက်မှ ကြည့်လျှင် ( ဂ ) ဖြစ်လျှက် ဆရာဖြစ်သူဘက်မှ ကြည့်လျှင် ( ပ ) ဖြစ် နေသလို ကြားနေ သမား တစ်ဦးဘက် ကကြည့်လိုက်ပြန်တော့ မြန်မာ လို ( ၁ ) ဂဏန် ဖြစ်နေသည်ကို နေသည်ကို တင်ပြ ဆွေးနွေးကြသည့် အခန်းလေးပင် ဖြစ်သည် ။ အချို့လူများ ထိုဇတ်ဝင်ခန်းလေးကို မှတ်မိကြအုံးမည် ထင်ပါသည် ။

ထိုသို့ အမြင်ကွဲလွဲမှု ကို ဥပမာပေး၍ စစ်အစိုးရဘက် မှကြည့်လျှင် သူတို့လုပ်ရပ် မှန်သည်ဟု ယူဆ၍ ဒီမိုကရေစီ လုပ်ရှားသူများ က အမြင်ကွဲလွဲမှုကြောင့် သူတို့အား အတိုက်အခံ လုပ်နေသည်ဟု တင်ပြထားကြခြင်း ဖြစ်သည် ။ ထိုအယူဝါဒ ဖြန့်မှု ကို အဟုတ်မှတ်ကာ လူတော်တော်များများ အမြင်ပြောင်းလဲမှု နှင့် ပက်သက်လာခဲ့လျှင် ယနေ့ထိ ထိုအယူဝါဒကို လက်ကိုင် ထားကြတုန်းပင် ရှိသေးသည် ။

တနေ့ကျွန်ူပ်နှင့် ကျွန်ူပ်၏ သူငယ်ချင်း တစ်ယောက် ဆုံမိသော တစ်ယောက်နှင့်တစ်ယောက် စကားလက် ဆုံကြရာက အမြင်မတူညီသည့် ရှုထောင့်များ အကြောင်းကို ရောက်ရှိသွားသည် ။ ထိုအခါ သူငယ်ချင်း ဖြစ်သူက ထိုအယူဝါဒကို ဥပမာပေး၍ ကျွန်ူပ်တို့ ဆွေးနွေးသည့် ကိစ္စ ကို သူကပြန်လည် ဖြေရှင်းပြပါသည် ။ ကျွန်ူပ်က စာရွက်တရွက်နှင့် ဘောပင် တစ်ချောင်းတောင်းကာ သူ့ကို (ဂ) အက္ခရာကို မျဉ်းနှစ်ကြောင်းစာခန့် စာရေးသားခြင်း စနစ်အတိုင်း ရေးသားခိုင်းလိုက်သည် ။ ပြီးသော အခါသူ့ကို ပြောင်းပြန်လှန်၍ ဖတ်ခိုင်းလိုက်သည် ။ ( ပ ) အက္ခရာ ရေးထားသည်ဟု ထင်မိသေးလားဟု မေးကြည့်သည် ။ သူက ( ပ ) ဟု ထင်မြင်ယူဆမိ၍ ရသော်လည်း သတ်မှတ်ထားသည် စာပေးရေးသားခြင်း စည်းမျဉ်း အတိုင်း ဆိုလျှင် မှားယွင်းနေကြောင်း သူက ပြန်ဖြေပါသည် ။ တကယ်လည်း ဟုတ်ပါသည် ။ စာရေးသားခြင်း နှင့် ပက်သက်၍ စည်းမျဉ်း စည်းကမ်းများ အတိအကျ ရှိပါသည် ။ ထိုစည်းမျဉ်းစည်းကမ်း များဖြင့် ချိန်ထိုး စဉ်းစားပါက (ဂ) အက္ခရာသည် မတူညီသည့် ရှုထောင့် ပြောင်းလဲ ကြည့်ရုံမျှဖြင့် ( ပ ) အက္ခဟု ပြောလို့မရပါ ။ စာစတင် ရေးသား သူတိုင်းသည် ဘယ်ဘယ်မှ စတင် ရေးသားရမည် ။ စတင်ရေးသားသည့် နေရာမှာ စာရွက်စွန်းနှင့် တလက်မခန့်ခွာကာ ရေးသားလေ့ ရှိကြပါသည် ။ ထို ( က ) ရေးသားထားသည့် စာရွက်ကို ပြောင်းပြန်လှန်၍ ဖတ်ကြည့်လျှင် ( ပ ) ပါလို့ ဗလာ အမြင်အား ဖြင့် ထင်မြင်ယူဆလို့ရသော်လည်း စာရေးသားသည့် စနစ်ကို အခြေခံထား၍ မျဉ်းကြောင်းများ ဆွဲကာ စဉ်းစားလျှင် မှားယွင်းနေပါသည် ။


ယနေ့ရွေးကောက်ပွဲ နှင့် ပက်သက်၍ အငြင်းပွားနေကြရ ခြင်းမှာ ထိုကဲ့သို့ အမြင်မတူမှု များကို အခြေခံထားသောကြောင့်ဖြစ်သည် ။ တကယ့် သဘာဝ အမှန်တရား ဆိုသည်ကား နေရာတိုင်းတွင် ရှိနေသည် ။ လူတို့၏ စံနူန်းသတ်မှတ်ချက် များသည်လည်း သဘာဝကို သာ အခြေခံ သတ်မှတ်လေ့ရှိသည် ။ သူတို့ဘက်က ကြည့်လျှင် သူတို့ မှန်သည်ဟု ဒီနေ့ရွေးကောက်ပွဲ ၀င်မည့်သူများကလည်း ပြောကြပါသည် ။ စစ်အာဏာရှင် များကလည်း သူတို့က လက်ရှိအာဏာကို ထိန်းသိမ်းသူများ ဖြစ်သော ကြောင့် အာဏာကို မလွှဲပြောင်းလိုသည့် အတွက် သူတို့ မှန်သည်ဟု ယူဆကြပြန်သည် ။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီနှင့် နိုင်ငံရေး ပညာရှင်များကလည်း သူတို့ရွေးကောက်ပွဲကို လက်မခံသည်မှာ
မှန်သည်ဟု ထင်ကာ ကန့်ကွက် ဆန္ဒပြနေကြပါသည် ။

ထိုအမြင်တို့တွင် မည့်သည့် အမြင် က မှန်သနည်း ။ ဆွေးနွေးကာ အဖြေရှာသင့်လှပေသည် ။ သူ့အတွေး ကိုယ့်အတွေး ရှုထောင့် မတူယုံမျှ ဖြင့် အားလုံးရဲ့ အတွေးမှန်ကန်သည်ဟု မဆိုသာပါ ။ လက်တွေ့ကျကျ အဖြေရှာလို့ ရနိုင်မည့် နည်းလမ်းများကို သုံးကား စဉ်းစားသင့်ပေသည် ၊ ထိုသို့ စဉ်းစားရာတွင် သဘာဝ အမှန်တရားကို အခြေခံ၍ ဒီမိုကရေစီ ကျင့်သုံးကာ ထိပ်ဆုံး ရောက်နေသည့် ဒီမိုကရေစီ နိုင်ငံများ၏ အခြေခံများကို စံနှုန်း အဖြစ် သတ်မှတ်ကာ လက်တွေ့ကျကျ ဝေဖန်သုံးသပ်ရဲရမည် ။ ထိုသို့ စံချိန်စံနှုန်း မကိုက်ညီပါဘဲ နှင့် ဗလာ အမြင်ကို အခြေခံထားသည့် ၀ါဒတရပ်ကို လက်ခံလိုက်လျှင် မိုက်မဲ ရာ ရောက်သည် ။ တိုင်းပြည် အရေးဖြစ်၍ အတ္တလေးများ နည်းနည်းလျှော့ထားကာ မှန်ကန်သော အမြင်များဖြင့် ကြည့်မြင်ကြကာ စစ်မှန်သော လမ်းစဉ်နောက်ကိုသာ လိုက်စေချင်ပါသည် ။

ပထမဆုံး စစ်အုပ်ချုပ်ရေး စနစ်ကို အကောင်အထည် ဖော်နေသည့် အာဏာရှင် များ ၏ အမြင်ကို ဝေဖန်ကြည့်ကြမည် ။ဌင်းတို့ကား ထူးထူးခြားခြား စဉ်းစားစရာလို မလိုလောက် အောင်ကို သိမြင် ထင်ရှားလွန်းလှပေသည် ။ ထို့အပြင် သူတို့၏ အာဏာကို တွယ်မက်သည့် စိတ်သည် လူပေါင်းများစွာ သေကြေပျက်စီးခဲ့ကြသည်သာ မက သူတို့တာဝန်ယူထားသည့် (၂၂ )နှစ် လုံလုံး လုပ်ဆောင်ချက် များကို ယနေ့မြန်မာပြည် လက်ရှိ အနေအထားကို သက်သေ ထား၍ စဉ်းစားကြည့်လျှင် သူတို့တွေ ဆက်လက် အုပ်ချုပ်နေသမျှ မည်သည့် အခါမှ တိုင်းပြည် တိုးတက်လာမည် မဟုတ်ဟု ၉၅%သော လူများ လက်ခံ ယုံကြည် ထားကြပါသည် ။ သူတို့သည် ( ဂ )ကို (၁) ဟု မြင်နေကြသူများပင် ဖြစ်သည် ။

ရွေးကောက်ပွဲ ၀င်မည့် ပါတီအားလုံးသည် ယခု ရွေးကောက်ပွဲ တရားမျှတမှု မရှိသည်ကို သိထားကြပါသည်။ သို့သော် ထိုမတရားမှု ကို အခြေခံထားသည့် ထိုရွေးကောက်ပွဲ ဖြစ်မြောက် လာအောင် မတရားမှန်း သိလျှက် နှင့် လက်ခံထား ကြပါသည် ။ မတရားမှု ကို လက်ခံသူသည် တနည်းအားဖြင့် ထိုမတရားမှု ကို အားပေးသူများသာ ဖြစ်သည် ဟု စာပေကျမ်းဂန်များ တွင် အထင်အရှားတွေ့နိုင် သလို ပညာရှင် များ၏ မိန့်ကြားချက်များတွင်လည်း ပါရှိပါသည် ။ ယခု ရွေးကောက်ပွဲ ပြီးဆုံးသွားခဲ့လျှင်လည်း စစ်အာဏာရှင်များသာ လူဝတ်လဲ အုပ်ချုပ်မည်ကို လူတိုင်းနီးပါး သိရှိထားကြပါသည် ။ အဆိုပါ စစ်အာဏာရှင်များ အုပ်ချုပ်နေသရွှေ့ တိုင်းပြည်အခြေအနေကား ဆိုးသထက် ဆိုးဝါးလာအုံးမည် ဖြစ်ပါသည် ။ ထိုသို့စစ်အာဏာရှင်များ ၏ အကြံအစည်ကို ကြိုတင် သိမြင်ပါလျှက် ဌင်းတို့သည် မရောက်သေးသည့် လွှတ်တော် ဆိုသည့် စကားကို တွင်တွင် ပြောကြားနေကြပါသည် ။ နိုင်ငံတော် အလံကို လွှတ်တော် ခေါ်ယူပြီး နောက်ပိုင်း (၉၀) ကြာမှ အတည်ပြုမည်ဟု အထင်အရှားပါရှိပါသည် ။

သို့သော် ရူးကြောင်ကြောင်နှင့် ကျပ်မပြည့်သည့် အတွေးအခေါ်ပိုင်ရှင် ကြီးများ သည် သူတို့ လုပ်ချင်သည့် ရက်တွင် ကျင်းပသွားပါသည် ။ ရွေးကောက်ပွဲဝင် မည့်ပါတီများ ကန့်ကွက် နိုင်ပါ၏လော ။ မကန့်ကွက်နိုင်ပါ ။ မည်သူမျှလည်း တရားဝင် ကန့်ကွက်သည်ဟု ပြောဆိုသံ မကြားရပါ ။ ဤသည်ကို ပြည်သူလူထု အနေဖြင့် သတိထား စဉ်းစားသင့်ပေသည် ။ ယခု ရွေးကောက်ပွဲ ပြီးမြောက်၍ လွှတ်တော်သို့ ရောက်ခဲ့ လျှင်လည်း ယခုကဲ့သို့ အာဏာရှင်တွေ လုပ်သမျှ ခေါင်းငုံ့ခံနေကြမည့် ပါတီများက ပြည်သူလူထု အတွက် တရားမျှတသော စနစ်ကို တောင်းဆိုမည်ဟု ထင်ထား ကြခြင်းသည် လုံးဝ မှားယွင်းနေပါသည် ဟု လက်တွေ့ကျကျ ထင်မြင် ယူဆမိလေသည် ။ ယခုလက်ရှိ ရွေးကောက်ပွဲသည် ဒီမိုကရေစီ အင်အားစုများ အား အဘက်ဘက်မှ အားနည်းအောင် ကြိုတင်ကြံစည် ထားသည့် အပြင် သဘာဝ အမှန်တရား နှင့် စစ်မှန်သော ဒီမိုကရေစီ စံနှုန်းများဖြင့် လုံးဝ မကိုက်ညီသော ကြောင့် တညီတညွတ်တည်း ကန့်ကွက်သင့်ပါလျှက် မျက်လုံးစုံမိတ်ကာ ရသလောက်လေး တိုးကြည့်ပါရစေဟု အကြောင်းပြကာ လူထုကို ကျွန်အဖြစ် တရားဝင် သွတ်သွင်းသည့် အခမ်းအနားကို တက်ရောက်ခိုင်း နေသည်က မှားနေပါသည် ။

ထိုသူတို့ လက်သုံးစကား မှာ လုပ်စရာနည်းလမ်း မရှိ၍ ဤရွေးကောက်ပွဲသည် ထွက်ပေါက်ဟု ခံယူ ထားကြသည်ဟု အကြောင်း ပြလာကြသည် ။ တကယ့် အစစ်အမှန်မှာ ထိုသို့မဟုတ် လုပ်စရာ နည်းလမ်း များရှိပါသည် ။ လူထုကို အခြေခံလျှက် စေ့စပ်ညှိနှိုင်းရေး ကို အခြေခံသည့် တွေ့ဆုံဆွေးနွေးပွဲကို
လုပ်၍လည်း ရသည် ။ ဒီမိုကရေစီ စနစ်ကို ပြောင်းချင်သည် ဆိုလျှင် စေ့စပ်ညှိနှိုင်းရေး လမ်းစဉ်ကို စေ့စပ် ညှိနှိုင်းရေး လမ်းစဉ် ကို လက်ခံရမည် ။ ထိုသို့စေ့စပ်ညှိနှိုင်းရေးကို လက်မခံခဲ့လျှင် လူထုက တညီတညွတ်တည်း သပိတ်မှောက်ကာ လက်ရှိအစိုးရကို အလို မရှိကြောင်း ကန့်ကွက် ဆန္ဒပြရမည် ။
ကန့်ကွက် ဆန္ဒပြမည့် တော်လှန်ရေး လမ်းစဉ်ကို ဦးတည်လိုက်ပြီ ဆိုတာနဲ့ အကြောက်တရားကို ဦးတည်ထားသည့် လူများက ထကန့်ကွက်ကြသည် ။ လူထု နစ်နာပါတယ် ၊ လူထုတွေ အသေအကြေ အပျက်အစီး ရှိပါမယ်လို့ အကြောင်းပြ လာတတ်ကြတယ် ။ အေးချမ်းစွာ ပြည်သူလူထု ဆန္ဒဖော်ထုတ်ပွဲကို လုပ်ဆောင် တာဟာ အသေအကြေ အပျက်အစီးများ ရှိ၏ မရှိ၏ ဟူသည်မှာ လက်ရှိ စစ်အစိုးရ၏ တုန့်ပြန်နှိမ်နှင်းမှုပေါ် တွင်သာ အခြေခံသည် ။ ဒီမိုကရေစီ နိုင်ငံတည်ထောင်မည်ဟု ကြံစည်လျှင် လူထု၏ သဘောထား ကို ဖော်ထုတ်သည့် အေးချမ်းစွာ ဆန္ဒပြသည့် အနေအထားလောက်ကို တော့ လက်ခံထားရမည် ဟု ထင်မြင်ယူဆမိပါသည်။

ထို့ကြောင့် လူထုဆန္ဒဖော်ထုတ်ပွဲ ကျင်းပခြင်းသည် လူအသေအပျောက်ရှိ နိုင်သည်ဟု ယူဆခြင်းမှာ လက်ရှိ စစ်အာဏာရှင်များ ၏ ဒီမိုကရေစီ ကို ချည်းကပ်ပါသည် ဆိုသည့် စိတ်နေစိတ်ထားကို မယုံကြည်ခြင်းကြောင့် ဖြစ်သူဟု ယူဆ၍ ရသည် ။ ထိုသို့ စစ်အာဏာရှင်များ၏ ဒီမိုကရေစီ လမ်းစဉ်ကို မယုံကြည်ပါ ဆိုလျှင် စစ်အာဏာရှင် ကျင်းပသည့် တရားမျှတမှု မရှိသော ရွေးကောက်ပွဲကို ဘာကြောင့် လက်ခံထားကြပါသနည်း။
တကယ်တော့ လက်ရှိ စစ်အစိုးရသည် လူမိုက်တွေထက်လည်း ပိုမိုက်သလို လူယုတ်မာတွေထက်လည်း ပိုယုတ်မာတာ အားလုံး သိပြီးသားပါ ။ ဒါကြောင့် သူတို့တွေ လုပ်သမျှ ကောင်းမွန်တဲ့ စိတ်ထားနဲ့ လုပ်တဲ့ လုပ်ရပ်ဆိုတာ မရှိဘူးဆိုတာ သမိုင်းမှာ သက်သေအမျိုးမျိုး ရှိနေပါလျှက် အစိုးရ ၏ သဘောထားကို လိုက်လံ ခေါင်းငြိမ့်နေသည့် လူများ အကြီးအကျယ် လမ်းလွှဲ လိုက်နေသည်ဟု သေချာပေါက် ပြောလို့ရပါသည် ။
စစ်မှန်၍ ပြည်သူလူထု အကျိုးကို လိုလားသည့် အနေအထားဘက်က (ဂ) ဟု ရေးသားသည် ကိုသူတို့ဘက်မှ ပြောင်းပြန်ကြည့်ကာ ( ပ) လို့ ဗလာ အမြင်ဖြင့် ထင်မြင် ယူဆနေကြသော်လည်း တကယ့်အစစ်အမှန် သဘာဝ အမှန်တရားနှင့် ဒီမိုကရေစီ စံနှုန်းများ ၊ အာဏာရှင်တို့၏ ယုတ်မာပက်စက်မှု ကို အခြေခံကာ တွက်ဆထားလျှင် (ပ) ဟု ဘယ်လိုနည်းနှင့်မျှ ပြောလို့မရပါ ။ ထို့ကြောင့် ယခုရွေးကောက်ပွဲ ၀င် မည့်ပါတီများနှင့်မဲပေးရန် လိုက်လံ နိုးဆော် နေသူများသည် (ဂ)ကို (ပ)ဟု ဗလာအမြင်ဖြင့် ထင်မြင်ယူဆနေ ကြသူများသာ ဖြစ်ပါသည် ။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီနှင့် နိုင်ငံရေး ပညာရှင်တော်တော်များများက
ယနေ့ စစ်အစိုးရ ကျင်းပသည့် တရားမျှတမှု မရှိသော ဥပဒေများကို အခြေခံသည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြသည် ။ သူတို့ ပြောသော သဘောထားသည် လည်း ရှင်းလင်းသည် ။ မတရားတာကို လက်မခံလိုသောကြောင့်ပင်ဖြစ်သည် ။ ထို့အပြင် နိုင်ငံရေးလုပ်သည့် အဓိက ရည်ရွယ်ချက်မှာ လူထုကောင်းစားရေးကို ဦးတည်ထားသည့် အတွက် လူထု အကျိုးစီးပွား ပျက်စီးစေမည့် ကိစ္စကို လုံးဝ လက်မခံနိုင်ဟု တင်ပြလာကြပါသည် ။ ထို့အတူ စစ်အာဏာရှင် များ ဆက်လက် ခေါင်းဆောင်နိုင်အောင် အမျိုးမျိုး အဖုံဖုံ ကြံစည် အကွက်ချ ရေးဆွဲထားသည့် ဥပဒေများကို သူတို့ လက်မခံနိုင်ပါဟု ခံယူထားကြသည် ။ တကယ့်သဘာဝ အမှန်တရားသာ မက ကျမ်းဂန်များအဆိုအရကော ၊ လက်ရှိတိုင်းပြည် အနေအထား နှင့် ပညာရှင်များ၏ စကားကို ထောက်ဆခြင်းအားဖြင့် ယခု ရွေးကောက်ပွဲကို လက်မခံခြင်းသည် မှန်ကန်သည့် ဆုံးဖြတ်ချက်ဖြစ်သည် ။ သူတို အမြင်သည် ရှင်းလင်းသည် ၊တရားမျှမှုကို အခြေခံထားသည့် အတွက် လက်ခံကျင့်သုံးသင့်သည့် အယူအဆ ဖြစ်လေသည် ။ ထို့အပြင် မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက် နေသူများက ပြောသည့် စကားများဖြစ်၍ ပို၍ အလေးထားကာ စဉ်းစားမိသည် ။ ထို့ကြောင့် လက်ရှိရွေးကောက်ပွဲကို ဆန့်ကျင်သူများသည် အမှန်တရား ဆိုသည့် မျဉ်းကြောင်းများ ပေါ်မှ ကြည့်လျှင်ပင် (ဂ)ကို အမှန်အတိုင်း (ဂ) ဟု ထင်မြင်သူများဟု သေချာပေါက် ပြောလို့ရပါသည် ။

စစ်အာဏာရှင် တွေ ဆက်လက် အုပ်ချုပ်နေသမျှ တိုင်းပြည် ပြိုကျပျက်စီးမှာ ၉၅% သော ပြည်သူလူထု က သိနေပါလျှက် နှင့် ထိုသူတွေ ဆက်လက် အုပ်ချုပ်မည့် ရွေးကေက်ပွဲ ကြမှ ထင်မြင်ယူဆချက်တွေ အမျိုးမျိုး ကွဲပြားလာတာဟာ ကိုယ်သိထားတဲက အမှန်တရားကို ချစ်မြတ်နိုး တန်ဖိုးထားမှု နဲ့ သာ နှိုင်းယှဉ် စဉ်းစားကြလို့ပါ ။ သိပ္ပံနည်းကျ တိုးတက်နေတဲ့ ခေတ်ကြီးမှာ စနစ်တွေ အမျိုးမျိုးရှိနေသ်ာလည်း အခြေခံထားသည့် စံနှုန်း သတ်မှတ်ချက်များ ရှိပါသည် ။ အပူချိန်၊ အချိန်၊ အလေးချိန် ၊ အမြန်နှုန်း တိုင်းတာသည့် စနစ်များ အတိအကျ ရှိပါသည် ။ ထို့အတူ ဒီမိုကရေစီ ခေါ် လွတ်လပ်၍ တရားမျှတသော နိုင်ငံတော်ကို တည်ဆောက်လိုပါလျှင်လည်း စံထားရမည့် အချက်များကို အခြေံမခံဘဲ ကိုယ်ပိုင် အတွေးအခေါ်များနှင့် တွေးခေါ်ကာ ငါတို့ အမြင်မှန်ပါသည်ဟု ယူဆနေသမျှ စစ်မှန်သော စည်းလုံးညီညွှတ်ရေးကို တည်ဆောက်နိုင်မည် မဟုတ်ပါ ။ ထို့ကြောင် ကိုယ်ထင်မြင် သုံးသပ်ချက်များကို ဗလာစာရွက် ပေါ်တွင် အမှန်တရားဆိုသည် မျဉ်းကြောင်းများ မဆွဲဘဲ ကြည့်နေသည့် ငါအယူဝါဒက မှန်တဲ့ ဆိုတဲ့ အတွေးအခေါ်ကို စွှန့်လွှတ်ကာ အမှန်တရား ကို အခြေခံထားသည့် မျဉ်းကြောင်းများပေါ်တွင် အခြေခံ၍ အတည့်အတိုင်း မြင်တတ်လာအောင် ကြိုးစားသင့်ပါမှ အာဏာရှင် စနစ်ဆိုးအောက်က လွတ်မြောက်လာမည် ဖြစ်ပါသည် ။ ထိုသို့အမှန်တရားကို ရင်ဝယ်သားလို သိမ်းပိုက်ကာ ဖြောင့်မတ်သည့် စိတ်ထားကို မွေးမြူကြမှာသာလျှင် မကြာမှီ ပြည်သူလူထု ကျွန်အဖြစ် သွတ်သွင်းပွဲ အခမ်းအနားကို ရှောင်ရှားနိုင်ကာ စစ်မှန်သော ဒီမိုကရေစီ နိုင်ငံကို တည်ဆောက် နိုင်မည် ဖြစ်ကြောင်း ပြည်သူလူထု အကျိုးကို လိုလားသည့် လူတစ်ယောက် အနေဖြင့် တင်ပြလိုပါသည် ။

ထို့အတူ ဒီမိုကရေစီ လုပ်ရှားနေသူများကြောင့် တိုင်းပြည် ဆင်းရဲ နေရပါသည် ဟု နအဖ စစ်အာဏာရှင် များ၏ အယူအဆသည် လုံးဝ မမှန်ကန်ပါ ။ ကိုယ်တိုင် ညဏ် အမြော်အမြင်နည်းကာ ပညာမတတ်သော သူများကို နေရာ ပေးကာ မြှောက်စားထားရခြင်း၏ အကျိုးဆက်များကြောင့် တိုင်းပြည် အတွက် တိုးတက်မှု မရှိ ၊ အဘက်ဘက်မှ ဆုတ်ယုတ်လျှက် ရှိနေသည်မှာ လက်ရှိ တိုင်းပြည် အခြေအနေက သက်သေပြလျှက်ရှိပါသည် ပြည်သူ လူထု မှာ ၀မ်းရေး အတွက်ပင် အမျိုးမျိုး ကြိုးစားရုန်းကန် နေရသည်မှာ ဒီမိုကရေစီ လုပ်ရှား သူများကြောင့် မဟုတ် ၊ အာဏာရှင်စနစ် ဖြစ်ပွား နေသော ကြောင့်သာ ဖြစ်ပါသည် ။ ထိုအာဏာရှင် စနစ်ဆိုး အောက်မြောက်အောင် ရုန်းထွက်ကြရမည်မှာ တိုင်းပြည်ကို တိုးတက်ထွန်းကားစေလိုသော နိုင်ငံသားတိုင်း၏ တာဝန် ပင်ဖြစ်သည်ကို ခံယူထားလျှက် ကျရာ အခန်းဂဏ္ဍမှ နိုင်ရာတာဝန်ထမ်းကာ အာဏာရှင် စနစ်ဆိုးကြီးကို ဆန့်ကျင် တိုက်ထုတ်ကြပါစို့ .....။


ခင်မင်လေးစားလျှက်

ဗမာ့သွေး

ကကြီး ခခွေး နိုင်ငံရေး သမား



ယနေ့ နိုင်ငံရေး သမားတွေ ခံယူချက်တွေ မှားနေကြတယ်လို့ခံစားရတယ်သူတို့တွေရဲ့ ဦးတည်ချက်တွေ လွဲနေလို့သဘောထား တွေက ဆန့်ကျင် နေကြတာပါ ။ နောက်တချက်လူငယ်တွေအပေါ်ကိုထားရှိတဲ့သဘောထားအမြင်တွေကပိုပြီး ကျဉ်းမြောင်း လာသလို
ခံစား ရပါတယ် ။
ဒီနေ့ခေတ်လူငယ်တွေထဲမှာ နိုင်ငံရေး အကြောင်းကို စိတ်ဝင်စားတဲ့ လူတွေ တဖြည်းဖြည်းများလာကြတာကို အားတက် ဖွယ်ရာ တွေ့မြင်ခံစား ကြရပါတယ် ။ လူငယ်ပီပီ ပြောချင်သည့် ကိစ္စတရပ်ကို ပွင့်လင်းစွာ တင်ပြခွင့်ရသည့် ခေတ်ဟု ဆိုလျှင်လည်း မမှားနိုင်ပါ ။ ယနေ့ နည်းပညာ၏ အစွမ်းကို အသုံးချကာ ကိုယ်ရင်ထဲ ရှိသမျှ ထုတ်ဖော် ပြောလို့ရသည့် ခေတ်တွင် လူငယ်များ သည် သူတို့ရင်ထဲက ခံစားချက်များကို စာတစ်ကြောင်း နှစ်ကြောင်းဖြင့် သရုပ်ဖော် ရေးပြကြသလို ၊ အချိုလူငယ်များသည် ဆောင်းပါးတစ်စောင် လောက်နီးပါး ဖော်ထုတ်ကာ ရေးသားပြလာကြပါသည် ။

ပြည်တွင်းတွင် သတင်းအမှောင်ချခြင်းကို ခံထားရသည့် အပြင်ပညာရှင် အမည်ခံကိုယ်ကျိုးရှာလိုသူများကလည်း သမိုင်းဖြစ်ရပ်မှန်များကို ဇောက်ထိုးရေးကာ လူငယ်များ၏ အသိညဏ်ကို အဆိပ်ခတ်နေ ကြသည်ကို ကျွန်ူပ်တို့ နိုင်ငံတွင် ထင်ရှားစွာ တွေ့ရှိရပါသည် ။ ကံအားလျော်စွာ နည်းပညာ၏ အကျိုးဆက်များကြောင့် လူငယ်များသည် သူတို့ပုံသွင်းသမျှ လက်မခံခဲ့ကြဘဲ သတင်း အမှန်များနှင့် သမိုင်းဖြစ်ရပ်မှန်များကို လေ့လာဖတ်ရှုကာ နှိုင်းယှဉ် စဉ်းစားလာတတ်ကြခြင်းပင်ဖြစ်သည် ။
ထိုအခါ သူတို့ရင်ထဲက အသိတရားက အမှန်များကို ဖော်ထုတ် ပြောကြားလိုလားကြသည် ။ ပြင်ပကမ္ဘာတွင် အမှန်တရားကို ပြောဆိုခွင့်မရသည့် အခါ ပြောဆိုခွင့်ရသည့် နေရာများတွင် သူတို့ခံစားချက်များကို ဖော်ထုတ်ရေးသားလျှက် ရှိသည်ကို အများအပြားတွေ့ရှိရလေသည် ။ သူတို့သည် နိုင်ငံရေး ပညာရှင် များမဟုတ်ကြချေ ။ နိုင်ငံအရေးကို စိတ်ဝင်စားကာ သမိုင်းအမှန်များကို သိမြင်လာရခြင်း၏ အကျိုးဆက်များနှင့် လက်ရှိအစိုးရ၏ သဘောထား များကို လက်မခံလိုသော စိတ်ကြောင့်ရေးသားတင်ပြလာခြင်းသာဖြစ်သည် ။ထိုကဲ့သို့ ရေးသားချက်များကို ပညာရှင်များဘက်မှ ကြည့်လျှင် ပညာသား မပါသည့် အရေးအသား ပြောဆိုမှုကို အမှားဟု ယူဆကာ တန်ပြန်ရေးသားချက်များကို ၀င်ရောက်ရေးသားလာကြသည် ။ အမှန်တကယ် ဖြစ်သည့်သည်က သူတို့တွေ၏ အမှားများကို ပြစ်တင်ပြောဆိုခြင်း ထက် လမ်းမှန် ကို ပြနိုင်မည့် စာသားမျာဖြင့် ဆွေးနွေးတင်ပြသင့်သည်ဟု ထင်မြင်ယူဆမိလေသည် ။

ဒီနေ့အချိန်အခါတွင် မြန်မာနိုင်ငံတွင်းမှ နိုင်ငံရေး အသိပညာကြွယ်သည့်လူငယ်ထုများပေါ်ပေါက်လားရေးသည် လွန်စွာ အရေးကြီးလျှက် ရှိပေသည် ။ တိုင်ြး့ပည်ကို ချစ်မြတ်နိုးသည့် စိတ်များနေသော လူငယ်များကို လက်တွဲကာ ခေါ်ယူရမည့် အချိန်ဖြစ်သည် ။ သူတို့သည် နိုင်ငံရေး အသိအမြင် မကြွယ်ဝသော်လည်း နို်င်ငံကို ချစ်သည့် စိတ်ဓါတ်များ ဖုံလွှမ်းနေသော ကြောင့် အင်အားစု တရပ်အဖြစ် အသုံးချရမည့် အချိန်အခါဖြစ်သည်။
လူငယ်များပင် ဖြစ်သောငြား တိုင်းပြည်ကို ချစ်သည့် စိတ်ထားကို မြတ်နိုးတန်ဖိုးထားသင့်လှပေသည် ။

ဤနေရာတွင် ဥပမာ ပေးလိုသည်မှာ ကျောင်းနေကာစ ကလေးသည် ကကြီး ခခွေးပင် စရေးကြသော်လည်း မည်သူမှ ထိုလုပ်ရပ်ကို ပညာသား မပါသည့် အရေးအသားဟု မကန့်ကွက်ကြပါ ။ အဘယ်ကြောင့် ဆိုသော် ပညာသင့်ယူမည့် ကျောင်းသားတိုင်းသည် ကကြီးခခွေးမှ ပင် စတင် သင်ကြားရခြင်းကြောင့် ဖြစ်လေသည် ။ ထိုကကြီးခခွေးရေးနေသာ ကလေးငယ်များကို မည်သူမျှ ပညာရှင် မဖြစ်လာနိုင်ဟု ဝေဖန် ပြောဆိုသံ မကြာဖူးပါ ။ သို့သော် ယနေ့အချိန် နိုင်ငံရေး နယ်ပယ်တွင် ကကြီးခခွေး စတင် ရေးကျင့် နေသည့် လူငယ်များကို လမ်းမှန်ပြကြရမည့် အစား ချိုးနှိမ်ေ ရးသား နေကြသည် များသည် လူငယ်များ၏ တိုင်းပြည်ချစ်စိတ်ကို ဖျက်စီးပြစ်ရာ ရောက်ရှိနေသည် ။


လွတ်လပ်၍ တရားမျှတသော ဒီမိုကရေစီ နိုင်ငံကို တည်ဆောက်လိုလျှင် လူငယ်များ၏ အခန်းဂဏ္ဍကို သေချာစွာ ထည့်သွင်းစဉ်းစားသင့်သည် ။ ယခု အချိန်တွင် ကကြီးခခွေး လောက်ကို ရေးသားနိုင်သူများ သာ ဖြစ်ပေမယ့် နောင်အခါတွင် ထင်ပေါ်ကျော်ကြားသည့် နိုင်ငံရေး ကျမ်းများကို ပင် ရေးသားလာနို်င်ဟု ထောက်ဆလျှက် လူငယ်များကို လက်တွဲခေါ်သင့်သည်ဟု ထင်မြင်ယူဆမိလေသည် ။ တိုင်းပြည်အတွက် နိုင်ရာ တာဝန် ကို ထမ်းဆောင်လို့သည် ကကြီးခခွေးကိုကြိုးစားရေးနေသည့် လူငယ်များ ရှိသလို ကကြီးခခွေးလောက်ကို ပင် စိတ်မ၀င်စားသည့် လူငယ်များကား ရိုက်သတ်၍ မကုန်နိုင်အောင် ပေါများလှပေသည် ။ ထိုလူငယ်များကို ကကြီးခခွေး ရေးချင်စိတ်ရှိအောင် ပင် သင်ကြားပေးရအုံးမည် ။ ထိုသို့ရေးချင်စိတ်ရှိအောင် ဆွဲဆောင်ရမည့် အချိန်တွင် ရေးချင်စိတ်ရှိနေကြည့် နိုင်ငံချစ်စိတ်ကို မြတ်နိုး တန်ဖိုးထားသည့် လူငယ်များကို ချိုးနှိမ်ခြင်းသည် ပညာရှင်များ၏ လုပ်ရပ်များ မဟုတ်သည်ကို တွေးကာ အမြန်ဆုံး ပြင်သင့်သည်ဟု အကြံပေးလိုပါသည် ။

ယနေ့မြန်မာနိုင်ငံရေး နယ်ပယ်၏ အားနည်းချက်တခုကား အတိတ်မှ လုပ်ရပ်များကို ဆွဲကိုင်ကာ ပစ္စုပ္ပန် အခြေအနေကို ထည့်မတွက်ဘဲ လှစ်လှူရှု ထားတတ်ကြ ခြင်းပင်ဖြစ်သည် ။ ငါတို့က ဘယ်တုန်းက ၊ ဘယ်တော်လှန်ရေးမှာ ဘယ်အဖွဲ့အစည်းနှင့် ပူးပေါင်၍ ဘယ်လို ပါဝင် ဆင်နွှဲခဲ့တာကို အကြောင်းပြုလျှက် သက်သက် မာန်ဝင့်နေကြခြင်းပင်ဖြစ်သည်ဟု ပွင့်လင်းစွာ ထောက်ပြလိုပါသည် ။ ကျွန်ူပ်သည် ၈၈၈၈ အရေးအခင်းတွင် မူလတန်းပညာကို စတင် သင်ကြားနေရသည့် အရွယ်ဖြစ်သည် ။ ထိုကြောင့် ထို အချိန်တွင် ပါဝင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါ ။ သို့သော် ယခု ပါဝင်ဆောင်ရွက်နိုင်သည့် အသက်အရွယ် အပိုင်းအခြားကာလကို ရောက်ရှိနေသသည်ဟု ခံစားရကာ တတ်နိုင်သမျှလူငယ်များကို လမ်းမှန်ပြနိုင်အောင် ကြိုးစားခဲ့ပါသည် ။ ထိုအခါ သမိုင်းကြောင်း ရှိသူများက လက်တွဲခေါ်လိုသူများ ရှိသလို သမိုင်းကြောင်း မရှိသေး၍ ကျွန်ူပ်၏ ကကြီးခခွေး ရေးချင်သည့်စိတ်များကို ကန့်လန့်တိုက်နေသာ လူများလည်း အများအပြားပင် တွေ့ရှိရပါသည် ။ ယနေ့ စစ်အာဏာရှင်များက ဆိုလျှင် သာ၍ ဆိုးသေး၏ ။ နိုင်ငံရေး နှင့်ပက်သက်၍ ၀လုံး စတင်ရေးရန် ကြိုးပမ်းသူများကိုပင် ဌင်းတို့၏ အာဏာကို ထိပါး စော်ကားသူ ဟု သတ်မှတ်ကာ မတရားဖမ်းဆီးကာ အမျိုးမျိုး နှိပ်စက် ပြလျှက် ရှိနေသေးသည် ။

ကွန်ပြူတာကို စတင်သင်ကြား သင်ယူရသည့် အချိန်က စာတစ်ကြောင်း ရိုက်နိုင်ဖို့ အတွက် ကီးဘုတ်မှ ခလုတ်များကို ကြည့်၍ ရိုက်ရသည် ။ မည်သည့်နေရာ တွင် မည်သည့် အက္ခရာရှိနေသည်ကို လိုက်လံမှတ်သား ကာ အလေ့အကျင့် မပြတ် ပြုလုပ်ကြရသည် ။ မကျွမ်းကျင်ကြသေးသည့် အချိန်တွင် နှေးကွေးလေးလံနေ သော်လည်း ကျွမ်းကျင်သည့် အခါ လက်ချောင်းလေးများက စိတ်၏ ခိုင်းစေချက်အတိုင်း လျှင်မြင်စွာ လုပ်ဆောင် လာနိုင်ကြသည် ။ ယခု အချိန်တွင်လည်း နိုင်ငံရေး နှင့်ပက်သက်၍ လူငယ်များသည် မပြတ်လေ့လာ ဆည်းပူးသင့်သည် ။ လေ့လာကာစဖြစ်၍ အခက်အခဲများကြာင့် ရပ်တန့်လိုက်လျှင် နောင်ဝယ် မည့်သည့် အခါမှ နားလည်လာ မည်မဟုတ် ။ ထိုသို့လေ့လာလိုက်စားကာ ကျွမ်းကျင်လာသည့် အချိန်တွင် အလွန်အဆင် ပြေချောမွေ့လာကာ လွန်စွာ အသုံးဝင်လှသည်ကို လက်တွ့ကျကျသိမြင်နိုင်ပါတယ် ။ နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သည့်
အရေးကို အတိုကောက် ခေါ်သည့် နိုင်ငံရေး ဆိုသည့်စကားကို လူငယ်တွေ နားမှာ ခါးသီးနေကြအုံးမည် ၊ ငြင်းဆန်နေကြအုံးမည်ဆိုလျှင်တော့ ကျွန်ူပ်တို့ တိုင်းပြည် တိုးတက်ထွန်းကားရေး သည် ဝေးနေအုံးမည်ဖြစ်ပါသည် ။ နိုင်ငံရေး ဆိုသည့်စကားလုံးကို လူငယ်များ နူတ်ဖျားက ချိမြိန်စဖွယ် ကောင်းသည့်
စကားသံများဖြင့် အပြုသဘောဆောင်သည့် ဝေဖန်ချက်များ ဖြင့်ရေရွေတ်သံ တွေ ကြားလာရအောင် ပထဆုံး ကြိုးစားသင့်လေသည် ။
ကိုယ်လုပ်မှ ကိုယ်စားရတာ ။ နိုင်ငံရေးကို ဝေးဝေးရှောင်ဆိုသည် အာဏာရှင် တွေ အမိန့်စကားဆန်ဆန် တွေ ကို ရင်ထဲ သိမ်းပိုက်ထားတာတဲ့ လူငယ်များ အနေဖြင့်လည်း နိုင်ငံရေးကို ကိုယ်တိုင် လက်တွေ့ကျကျ လေ့လာပြီး အကျိုးမရှိတဲ့ အယူဝါဒ တွေကို စွှန့်လွတ်ကြပါလို့ တောင်းဆို ချင်ပါတယ် ။

အစားအစာကို စား၍ ၀မ်းမီးဖြင့် အစာမချက်ဘဲ ပြန်ထုတ်သည်ကို အန်သည်ဟု ခေါ်သည် ။
ထိုသို့ အန်ထုတ်လိုက်ရသည့် အတွက် စားထားသမျှ သည် အကျိုးမရှိသလို ဘေးထွက် ဆိုးကျိုးများကို ခံစားဖူးကြမည် ထင်ပါသည် ။ အစာကို ကျေညက်စွာ ချက်၍ လိုအပ်သည့် နေရာတွင် ခွန်အား အဖြစ် အသုံးချ၍ မလိုသည်များကို စွှန်ထုတ်ပစ်နိုင်မှသာ လူခန္ခကိုယ် အတွက် အကျိုးရှိသည် ။ ထို့အတူ သူတပါး အတွေးခေါ်များကို ကိုယ်ပိုင်ညဏ်ဖြင် မဆင်ခြင် မသုံးသပ်ဘဲ လိုက်လံ ပြောဆို နေခြင်းသည် အကျိုးမရှိသလို တခါတရံ ဆိုးကျိုးများကို ပါ ခံစားကြရတတ်ပါသည် ။ ထိုကြောင့် မိမိတို့ ဖတ်မိသမျှကို ကိုယ်ပိုင်ညဏ်နှင့် ဆင်ခြင်စဉ်းစားကာ သိမ်းထားအပ်သည့် အတွေးအခေါ်များကို ကိုးကားရန် အသုံးချသင့် သလို အသုံမကြသည့် အတွေးအခေါ်များကို လွှတ်ချပစ်သင့်သည် ။ ထိုသို့ မှားယွင်းသော အတွေးအခေါ်များ၏ နောက်ဆက်တွဲ ဆိုးကျိုးများကို အများသိရှိစေရန် ပြန်လည် တင်ပြပေး အပ်သည် ။

အာဏာရှင် များက တိုင်းပြည်ကို စနစ်တကျ ဖျက်စီးနေသည့် အချိန်တွင် ဘုန်းတော်ဘွဲ့များ ရေးလာကြသူများ သလို ဘုန်းတော်ဘွဲ့များကို ရွတ်ဆိုပေးနေကြသည့် အနုပညာရှင်များ လည်း တဖြည်းဖြည်းများ လာကြသည် ။ နိုင်ငံရေး အလုပ်ကို လူငယ်များ အထင်သေးလာစေရန် ရေးသားနေသည့် လူများလည်း မနည်းလှပါ ။ လုပ်ရှားသူနှင့် လုပ်စားသူများကို ကိုယ်တိုင် မခွဲခြားတတ်ဘဲ ၀ါးလုံးရှည်နှင့်သိမ်းကာ ပတ်ရမ်းတတ်ကြသော ပညာရှင် အမည်ခံ ကိုယ်ကျိုးရှာ လူတစ်စု၏ အကြံညဏ်ကို ကျွန်ူပ်တို့ လက်မခံသင့်ပါ ။ တိုင်းပြည်၏ လက်ရှိ အနေအထားကို ကိုယ်တိုင် သိမြင်နေရပါလျှက် တိုင်းပြည်အပေါ်ကို သစ္စာဖောက်ကာ ရေးသားနေကြသည့် ပညာရှင် အမည်ခံ ကိုယ်ကျိုးရှာ လူတစ်စု စကားကို ဆက်လက် ယုံထားကြလျှင်တော့ ဆိုးကျိုးများကို ခါးသီးစွာ ခံစားကြရအုံမည်မှာ မုချပင်ဖြစ်သည် ။ စစ်အာဏာရှင်တို့အား အကြိုက် ဆောင်သည့်အရေးအသားမျိုးကို ရေးသားသူများ သည် အမည်အရင်းကို ဖော်ပြယုံသာ မက မှတ်ပုံတင်ပါ ပူးတွဲ ချိတ်ထားရင်တောင် ပြဿနာတက်မည် မဟုတ်။ သို့သော် စစ်အာဏာရှင် စနစ်မကောင်းကြောင်း ရေးသားသူများအတွက်ကား အန္တာရယ် များလှသည်ကို ယနေ့ ထောင်တွင်းမှ အသိပညာရှင် ၊ အတတ်ပညာရှင်များက သက်သေပြလျှက် ရှိနေပါသည် ။ ဒါတွေကို သိထားပါလျှက်နှင့် အမည်ဝှက်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေးကို လုပ်ရှားနေသူ များကို ပုဆိုးခြုံထဲက လက်သီးပြနေတယ်ဟု စွပ်စွဲပြောဆိုနေသူများ၏ လုပ်ရပ်များသည် တရားမျှတမှု ရှိပါ၏လော လက်ရှိအနေအထားကို ဆင်ခြင်ပြီး ကိုယ်တိုင် စဉ်းစားသင့်ပေသည် ။


ယနေ့ မြန်မာနိုင်ငံ၏ အပြောင်းအလဲ သည် လူငယ်များပေါ်တွင် မူတည်နေသည်ဟု ကျွန်ူပ် ယုံကြည် ထားလေသည် ။ ကျွန်ူပ်သည်သာ မက သမိုင်းကလည်း သက်သေပြနေသည်ကို အထင်အရှား တွေ့မြင် နေရပါလျှက်နှင့် ယနေ့ လူငယ်များ၏ နိုင်ငံအပေါ်တွင် ထားရှိသော စေတနာများကို ကန့်လန့်တိုက်နေအုံး မည် ဆိုလျှင် ဒီမိုကရေစီ ပန်းတိုင်ကို မည်သို့မျှ မချည်းကပ်နိုင်ပါဟု ကျွန်ူပ် အသက်ကို လောင်းကြေးထပ်ကာ ပြောဆိုရဲပါသည် ။ တိုင်းပြည် အပေါ်ကို တကယ်ကောင်းစားစေလိုသည့် စိတ်ဆန္ဒရှိသည့် ခေါင်းဆောင် တိုင်းသည် လူငယ်များ၏ အခန်းဂဏ္ဍကို အထူးထည့်သွင်း စဉ်းစားလေ့ ရှိပါသည် ။ ယနေ့လူငယ် နောင်ဝယ် လူကြီး ဆိုသည့် စကားသည် အမှားမရှိ ပကတိ ထင်ရှား လွန်းလှပေသည် ။ ဒီနေ့ကကြီးခခွေး နိုင်ငံရေးကို စတင်ရေးသား နေသည့် လူငယ်များကို လက်တွဲ ၍ မခေါ်ယူနိုင်ခဲ့လျှင် စစ်ကျွန် အဖြစ်မှ လွတ်မြောက်ရန် လမ်းစပင် မမြင်ပါ ။ လူငယ်များကို လမ်းမှန်ပြ၍ လက်တွဲခေါ်ယူခြင်းသည် အကောင်းဆုံး ဗျူဟာ ပင်ဖြစ်သည်ဟု ယုံကြည်ထားပါသည် ။ ပညာသင်ကြားခြင်း အခန်းဂဏ္ဍတွင် အဆင့်ကျော်၍ သင်ကြား၍ မရသလို မြန်မာနိုင်ငံရေး အပြောင်းအလဲသည်လည်း အဆင့်ကျော်၍ မရနိုင်ပါ ။ တော်လှန်ရေး မကျင်းပနိုင်သရွှေ့ ရေစုန်မြော နေအုံးမည့် နိုင်ငံရေး အခင်းအကျင်းဟု ထင်မြင်ယူဆမိ နေပါသည် ။ အဘယ်ကြောင့်နည်း ဆိုသော ယခု ကျင်းပမည့် ရွေးကောက်ပွဲ အထမြောက် အောင်မြင်ခဲ့လျှင်လည်း လူဝတ် လည်းကာ ဆက်လက် အုပ်ချုပ်မည့် အာဏာရှင် တစ်စုသာ နေရာရမည့် ရွေးကောက်ပွဲ ဖြစ်သည်ဟု အဘက်ဘက်မှ တွက်ဆမိသောကြောင့် ဖြစ်လေသည် ။

ဤနေရာတွင် ရသလောက် နေရာလေးတော့ ၀င်တိုးပါရစေ ဟု အာမခံကာ ပြောကြားနေသည့် ပါတီဝင် များလည်း သတိထားကာ အခြေအနေမှန်ကို ပြန်လည် သုံးသပ်သင်သည် ။ လွှတ်တော်ခေါ်ပြီး ရက်ပေါင်းကိုးဆယ် ကြာမှ နိုင်ငံတော် အလံအသစ်ကို လွှင့်ထူရမည်ဟု အခြေခံ ဥပဒေတွင် ပါရှိပါသည် ။ သို့သော် ဗေဒင်စရာ အားကိုးနှင့် ယတြာ ချေခြင်းလောက်ကိုသာ သိထားသည့် စစ်အာဏာရှင်များသည် သူတို့ လုပ်ချင်သလို လုပ်ပြသွားသည် ။ မည်သူမျှ ကန့်ကွက် ပြောဆို၍ မရပါ ။ ထို့ကြောင့် ယနေ့ ရွေးကောက်ပွဲ ပြီး၍ လွှတ်တော်ထဲရောက်လျှင် လည်း ယခုကဲ့သို့ပင် ဖြစ်နေအုံးမည်ကို ပြည်သူများနှင့် ပါတီ ၀င်များ သတိထားကာ စဉ်းစားသင့်သည် ။ လက်ရှိ ပစ္စုပ္ပန် အခြေအနေတွင် ပြည်သူလူထု ဘက်မှ ရပ်တည် မပေးနိုင်ပါဘဲ နောင် အနာဂါတ်တွင် ကျွန်ူပ်တို့ ကောင်းကျိုး ဆောင်ရွှက်ပေးပါမည်ဟု ဆိုသည့်စကားကို မည့်သည့် ဦးနှောက်မျိုးဖြင့် စဉ်းစား၍ လက်ခံ၍ ရပါမည်နည်း ။ အမှန်ကို သိလျှက် အမှားကို လက်ခံထား ကာ မထူးဇတ်ခင်းလျှင် တိုင်းပြည်ကောင်းစားဖို့ ထက် ပျက်စီးစေမည့် လမ်းကြောင်းကြီးကို လူထုကို ချီတက် ခိုင်းနေသည်နှင့် တူပေသည် ။

ဒီနေ့ မြန်မာနိုင်ငံ အခြေအနေ သည် ယခု အတိုင်းဆက်သွား လျှင် မကြာခင် ဗုံးဗုံးလဲကြတော့မည် ။ တိုင်းပြည်၏ ၀င်ငွေမှန်သမျှသည် သယံဇာတကို အခြေခံထား ခြင်းကြောင့် ဖြစ်လေသည် ။ ရာသီဥတု၏ နှိပ်စက်သည့် ဒဏ်များကို ခံစားရသည့် ကြားထဲ ကိုယ်ကျိုးရှာ အာဏာရှင်များက တိုင်းပြည်ဘဏ္ဍာကို စိတ်ကြိုက် အလွဲသုံးစား လုပ်နေခြင်း၏ အကျိုးဆက်များက ပြည်သူလူထု အငတ်ဘေး ဆိုက်သွားနိုင်ပါသည် ။ သဘာဝ သယံဇတ အရင်းအမြစ်များ ပေါကြွယ်ဝသလို ၊ လူစွမ်းအား အရင်းအမြစ်များလည်း ရှိပါသည် ။ သို့သော် အကျိုးရှိစွာ အသုံးမချတတ်ကြသည့် ညဏ်အမြော်အမြင် ဘာမှ မရှိတဲ့ ခေါင်းဆောင်တွေကို တရားဝင် အုပ်ချုပ်မှု အာဏာ ဆက်လက် အပ်နှင်းကြမည့် ဒီရွေးကောက်ပွဲကြီး ဖြစ်မြောက်ရေးကို လိုက်လံ နိုးဆော်ပေးနေသူများလည်း သတိထားကာ ဆင်ခြင်စေချင်ပါတယ် ။

ကျွန်ူပ်နှင့်လူငယ်များ၏ နိုင်ငံရေး အသိအမြင်သည် ကကြီးခခွေး စတင်ရေးသည့် ကလေးငယ် ပမာ ဖြစ်ချင်ဖြစ်မည် ။ သို့သော အမှန်တရားကို လက်ကိုင်ထား၍ ပစ္စုပ္ပန် အခြေအနေကို လက်တွေ့ကျကျ စဉ်းစားကာ ရေးသားခြင်းကြောင့် အမှား မဟုတ်ပါ ဟု အာမခံပြောကြား ရဲပါသည် ။ ထိုကြောင့် ကကြီးခခွေး စတင်ရေးသား လာကြသည့် အမှန်တရားကို မြတ်နိုး တန်ဖိုးထားသည့် လူငယ်များ ကို ကျွနူ်ပ်လေးစားပါသည် ၊ ဂုဏ်ယူသည် ၊ အားထားသည် ။ ထို့အတူ တိုင်းပြည်ကို ချစ်သည့်စိတ်ဖြင့်ကိုယ်တိုင် ပါဝင် ကြိုးစားလိုသည့် နိုင်ငံရေး အသိအမြင်နှင့်ပက်သက်၍ ၀ လုံးလောက်ကို ပင် မသိသေးသည့် လူငယ်များကို လက်တွဲခေါ်ယူ လမ်းပြပေးကြပါ ။ တိုင်းပြည်ကို တကယ်ချစ်သည်ဟု ခံယူထားကြလျှင် အာဏာရှင် ဆန့်ကျင်ရေး အတွက် ကျရာ အခန်းဂဏ္ဍက ပါဝင်ဆောင်ရွက်သင့် သည့် အချိန်အခါ ဖြစ်သော ကြောင့် လူငယ်များကို ဆက်လက် ကြိုးစား လုပ်ဆောင်ကြရန် နှင့် နိုင်ငံရေး ပက်သက်၍ တိုင်းပြည် တိုးတက် ထွန်းကားစေလိုသည့် စေတနာနှင့် သတင်းမှန်များ ၊ သမိုင်းဖြစ်ရပ်မှန်များ ဖော်ထုတ်ရေးတွင် ကိုယ်တိုင် ပါဝင် ဆောင်ရွက်ကြပါရန် လေးစားစွာ မေတ္တာရပ်ခံ အကြံပြု တင်ပြ လိုက်ရပါသည် ။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

လူပီသအောင် နေထိုင်ကြစို့


လူပီသအောင် နေထိုင်ကြစို့

ဒီနေ့ မြန်မာနိုင်ငံ ပကတိ အနေအထား ကို ကြည့်ရင်တော့ ကျွန်တော်တို့ တိုင်းပြည်ဟာ အဆိုးရွားဆုံးရလဒ် တော်တော်များများကို
ပိုင်ဆိုင်ထားရှိနေတာကို တွေ့ရှိရပါတယ် ။ ဒါဟာ ဘာကြောင့်လဲ ဆိုတဲ့အဖြေကတော့ ရှင်းရှင်းလေးပါ ။ သူတို့ ကိုယ်ကျိုးစီးပွားကလွဲပြီး
ဘာကိုမှ အလေးမထားတဲ့ ပြည်သူ့လက်ထဲက အာဏာကို မတရား သိမ်းပိုက်ထားတဲ့ စစ်အာဏာရှင် စနစ်ဆိုးကြောင့် ဆိုတာ
အားလုံးသိထားကြပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ အခုချိန်ထိ သူတို့လက်အောက်မှာ ရှိနေဆဲပါဘဲ ။ သူတို့ကို ဘုံရန်သူ အဖြစ်
တိုက်ခိုက် ချေမှုန်းကြမယ်လို့ ကြွေးကြော်နေတဲ့ အခုရွေးကောက်ပွဲ ၀င်မည့်ပါတီများ အပါအ၀င် အဖွဲ့အစည်းတော်တော်များများက
ပြောဆိုနေကြပါတယ် ။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ စစ်မှန်တဲ့ ညီညွတ်ရေးကို အခုချိန်ထိလည်း မဖော်ဆောင်နိုင် ကြသေးပါဘူး ။

လက်ရှိစစ်အာဏာရှင် တွေ ကျင့်သုံးတဲ့စနစ်က နယ်ချဲ့တွေ ကျင့်သုံးတဲ့ စနစ်နဲ့ သိပ်ပြီး ထူးခြားမှု မရှိလှပါဘူး ။ သူတို့အာဏာ တည်မြဲရေး အတွက်ဆို အချင်းချင်းကို မက်လုံးပေးပြီး သွေးခွဲနေတာ မျက်ဝါးထင်ထင် တွေ့မြင်နေရတာပါဘဲ ။ သူတို့ပေးတဲ့ မက်လုံးလေးတွေကို တပ်မက်နေတာက စလို့
အခုတော့ မတရားတဲ့ ဥပဒေကို အခြေခံတဲ့ ရွေးကောက်ပွဲကြီး ဖြစ်လာပါပြီ ။ ဒီအချိန်ထိလည်း တစ်ယောက်ကို တစ်ယောက် လက်ညိုးထိုး စွတ်ဆွဲနေ ကြတုန်းပါဘဲ ။ လက်ရှိအစိုးရက ကောက်ကျစ်ယုတ်မာတဲ့ နည်းလမ်းတွေကို အမျိုးမျိုး အသုံးချတာ အားလုံးသိပြီးသားဘဲ ။

ထင်ပေါ်ကျော်ကြားတဲ့ အနုပညာရှင်တွေကို သုံးပြီး သမိုင်းကို ပြောင်းပြန်လှန်ဖို့ ကြိုးစားတယ် ၊ နံမည်ကြီး စာရေးဆရာတွေကို အသုံချပြီး သမိုင်းကို စောက်ထိုးရေးခိုင်းတယ် ။ အဲဒီလူတွေ ကလည်း သူတို့ အခွင့်အရေးရရင် ပြီးရော ဆိုပြီး အာဏာရှင်အလိုကျ လိုက်လံဆောင်ရွက်ပြီး ပြည်သူလူထု
မျက်လုံးကို အဆိပ်နဲ့ပက်နေတာပါ ။ နောက်ဆုံး ဘယ်လောက် အထိဆိုးလာ လည်းဆိုတော့ ပြည်ပက နိုင်ငံရေး လုပ်ရှားနေသူ မှန်သမျှကို လုပ်စားနေပါတယ် လို့ စွပ်စွဲ ပြောဆိုချင်တာနဲ့ ရောပြီး ဗိုလ်ချုပ်အောင်ဆန်း လို လူမျိုးကိုတောင် ပြည်သူလူထုက အမြင်မှားအောင် ရေးသာလာတာ
ကို တွေ့ရှိရပါတယ် ။

နိုင်ငံခြား တိုင်းပြည်မှာ နေထိုင်ပြီး မြန်မာ့နိုင်ငံရေးကို ကြိုးစားပမ်းစား ဆောင်ရွက်နေတဲ့ လူတွေကို သိမ်းကြုံးပြီး လုပ်စားနေပါတယ်လို့ ပြောတဲ့လူတွေ
သတိထားသင့်တယ် ။ ပြည်တွင်းမှာ အလုပ်အကိုင် မဖန်တီးပေးနိုင်လို့ နိုင်ငံတကာမှာ မြန်မာနိုင်ငံသားတွေ သန်းနဲ့ချီပြီး ထွက်ပြီး အလုပ်လုပ်နေကြပါတယ် ။ တိုင်းတပါးမှာ ရောက်ရှိနေပေမယ့် ကိုယ့်တိုင်းပြည်ကို တိုးတက်စေချင်လို့ နိုင်ငံအရေးကို လုပ်ရှားနေသူတွေ အများကြီးပါ ဆိုတာကို သူကိုယ်တိုင် မသိတာလား ၊ သိရဲ့သားနဲ့ တမင်ညစ်ပြီး ရေးလိုက်တာလား ပညာရှင် အမည်ခံထားပြီး စာရေးသားနေတာကို စဉ်းစားကြည့်လိုက်ရင် အသိသာကြီးပါ ။
ဒို့တိုင်းပြည်မှာ အလုပ်အကိုင်တွေ ရှားပါးလာလို့ တိုင်းတပါးကို မြန်မာနိုင်ငံသားတွေ အလုပ်ထွက် လုပ်နေရတာကို ဘယ်လို နည်းနဲ့အလုပ်အကိုင် ဖန်တီးပေးကြရင် ကောင်းမလဲ ဆိုတာ ပညာရှင် အမည်ခံယူထား သူတွေ အနေနဲ့ အစိုးရကို ပညာပေးဖို့ စဉ်းစားကြရမယ့် အစား တိုင်းတပါးကို ထွက်ခွာနေကြရတာကို ပြစ်တင်ပြောဆိုနေကြတာ ပညာရှင်လား ၊ အစိုးရ အလိုတော်ရှိ ပညာရှင် အမည်ခံ လုပ်စားသူလား ဆိုတာ ကိုယ့်လုပ်ရပ်နဲ့
ကိုယ် ပြန်ပြီး စဉ်းစားကြည့်ကြပါ ။

ဒီနေ့ လူငယ်တွေ မညံ့ကြပါဘူး ဆိုတာ မှန်တယ် ၊ အင်တာနက်ကို အသုံးပြုပြီး ကမ္ဘာကြီးနဲ့ ရင်ဘောင်တန်းပြီး သတင်းတွေ ကြားသိရတာလည်း မှန်ပါတယ်။
ဒါပေမယ့် မြန်မာပြည်မှာ အင်တာနက်ကို သုံးစွဲသူ အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာကို တစ်ခုတော့ ထည့်သွင်းစဉ်းစားဖို့ မေ့သွားတယ်နဲ့ တူပါတယ် ။ အဲဒီလို နိုင်ငံတကာက အသိပညာတွေ ၊ သတင်း အချက်အလက်တွေ ပိုမိုရရှိလေ ၊ ကိုယ့်တိုင်းပြည်ကို ကိုယ်ရောက်ရှိနေတဲ့ တိုင်းပြည်လို ဖြစ်စေချင်တဲ့ ကျွန်တော်တို့ တတွေရဲ့ စေတနာကို ပညာရှင် အမည်ခံပြီး အရောင်ဆိုးပြနေတာ ပညာရှင်လား ။
ဟုတ်တယ် ၊ နိုင်ငံတကာ က သတင်းအချက် အလက် စာပေတွေ ၊ နည်းပညာတွေကို သင်ယူဖတ်ရှုရတဲ့ အကျိုးဆက်က အခု ကျွန်တော် ဒီစာကို ရေးသားရဲခြင်းပါဘဲ ။ မတရားတာကို ခေါင်းငုံ့ခံပေးဖို့ လမ်းညွှန် ပြသတာ ပညာရှင် မဟုတ် ။ အမှန်တရားကို ဆန့်ကျင်ဖို့ ပြောလိုက်တာ ပညာရှင်
မဟုတ်ဘူး ။ အာဏာရှင် အစိုးရကို မတိုက်ခိုက်ဘဲ အချင်းချင်းတိုက်ခိုက်ဖို့ လမ်းညွှန်ပြသပေးတာ ပညာရှင် မဟုတ်ဘူး ။

တကယ် သမိုင်း အမှန်ကို ဖော်ထုတ် ပြသချင်တယ်ဆိုရင် ဆရာအောင်သင်းလို့ နယ်လှည့်ပြီး စာပေဟောပြောပွဲတွေမှာ ဘယ်သူမှ မရေးသေးတဲ့ သမိုင်း
အမှန်တွေကို ဖော်ထုတ်ပြပေးပါ လို့ တောင်းဆိုပါရစေ ။ သခင်ဘသောင်းနဲ့ ညီအစ်ကို တ၀မ်းကွဲ ဆရာအောင်သင်းတောင် သူ့အမျိုးကို အဓိကထားပြီး မချီးကြူးဘဲ ဗိုလ်ချုပ်အောင်ဆန်းကို ဖော်ထုတ် ချီးကြူး ပြာဆိုသွားတာပါ ။ ဒါကိုဘဲ သခင်ဘသောင်းက ဗိုလ်ချုပ်အောင်ဆန်းထက် သာသယောာင်ယောင်
အတွေးအခေါ်တွေကို ချပြတာတော့ တကယ်မကောင်းပါဘူး ။ ဆရာအောင်သင်း ဟောပြောပွဲတွေကို လည်း လူတော်တော်များများ နားထောင်ဘူးပါတယ် ။
သခင်ဆိုတဲ့ အမည် စတင် အသုံးပြုတာ သခင်ဘသောင်းမှန်ပါတယ် ။ ဒါပေမယ့် တိုင်းပြည် အကျိုးအတွက် တကယ်လုပ်ဆောင်ခဲ့တဲ့ နေရာမှာတော့ ဗိုလ်ချုပ်ကို မမှီပါဘူး လို့ ကျွန်တော် အာမခံပြီး ပြောရဲပါတယ် ။ သမိုင်းမှာ ပုဂ္ဂိုလ်ရေးတွေ ထည့်တွေးပြီး ညှာတာစွာ သုံးသပ်လိုက်ရင် အနာဂတ်ကို သစ္စာဖောက်ရာ ရောက်တယ်လို့ မှတ်သားခဲ့ဘူးပါတယ် ။

လက်ရှိ တတိယ နိုင်ငံတွေမှာ ပြည်ပြေးလို့ စွပ်စွဲပြောဆိုတာကို ခံနေကြရတဲ့ လူတွေက ဘာကြောင့် ပြည်ပနိုင်ငံတွေမှာ တိမ်းရှောင်နေရ တာလည်း ။ သူကိုယ်တိုင် မသိတာတော့ မဖြစ်နိုင်ပါဘူး ၊ အစိုးရ အလိုကျ သိသိကြီးနဲ့ ချိုးနှိမ်ပြီး ရေးသားနေတာပါ ။ သူတို့တွေဟာ မြန်မာပြည်မှာ ဒီမိုကရေစီ လမ်းဖောက်ဖို့ ကြိုးစားခဲ့ကြလို့ အာဏာရှင် တိုင်းပြည်ကို တည်ဆောက်ချင်တဲ့ လူတွေက မတရားဖမ်းဆီး နှိပ်စက်တာကို မခံရအောင် ခတ္တတိမ်းရှောင်နေရတဲ့ လူတွေပါ ။ ကျွန်တော် သိသလောက် အမှန်အတိုင်းပြောရရင်တော့ မတရားမှုကို ခေါင်းငုံ့သီးမခံနိုင်လို့ အာဏာရှင်တွေကို
တိုက်ပွဲဝင်ခဲ့တဲ့ လူတော်တော်များများ ထောင်ထဲမှာနဲ့ ပြည်ပ နိုင်ငံတွေမှာပါ ။ အခုကြတော့ ပြောင်းပြန် ဗျာ အစိုးရ လက်သုံးစကားတွေကို ဖောဖော သီသီ
အသုံးချ ပြည်ပရာက် ဒီမိုကရေစီ လုပ်ရှားသူတွေက ဘဲ မြန်မာ့နိုင်ငံရေးကို ရန်တိုက် ပေးနေသလိုလို အတွေးအခေါ်တွေ တင်ပြလာတာကို တွေ့ရတော့
တကယ် ရင်နာမိပါတယ် ။ လုပ်ရှားသူတွေကြားမှာ လုပ်စားသူတွေ ရှိတာ မှန်ပါတယ် ၊ အဲဒီလိုဘဲ အာဏာရှင် အသိုင်းအ၀ိုင်းမှာလည်း အမှန်တရားကို ချစ်မြတ်နိုးသူတွေ အများကြီးပါ ။ ပြည်ပကို ရောက်မှ နိုင်ငံရေး စတင်လုပ်ကြတာ မဟုတ်ပါဘူး ၊ ပြည်တွင်းမှာ စစ်မှန်တဲ့ သတင်း ၊ သမိုင်းဖြစ်ရပ်မှန် ၊ အသိပညာပေးဆောင်းပါးတွေ ကို လေ့လာခွင့် မရတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေဟာ အမှန်တရားကို သိလာတဲ့ အချိန်မှာ ကိုယ်သိသလို သူများတွေလည်း သိပါစေဆိုတဲ့ ဆန္ဒတွေနဲ့ စတင် လုပ်ဆောင်လာ ကြတာပါ ။

ကျွန်တော် ကိုယ်တိုင် နအဖ မီဒီယာတွေ နဲ့ ၂၇ လုံးလုံး ကြီးပြင်းလာခဲ့ရတာပါ ။ ပါပီမလို ဇတ်ကားမျိုးကို အဟုတ်ထင်ခဲ့တယ့် ။ ABSDF ကို အကြမ်းဖက် သောင်းကျန်းသူလို့ ယူဆမိခဲ့တယ် ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို သူပုန်လို့ ထင်မိခဲ့တယ် ။ ဒါတွေဟာ တကယ့်အမှန်တရားကို
ပြောင်းပြန်ပြောဆိုထားတဲ့ နအဖ မီဒီယာတွေနဲ့ သာ ထိတွေ့ဆက်ဆံခဲ့ရလို့ ရရှိလာတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေပါ ။ အခု နိုင်ငံခြား တိုင်းပြည်
ကိုရောက် သမိုင်း ဖြစ်ရပ်မှန်တွေ ဖတ်ရှု ၊ သတင်း အစစ်အမှန်တွေ ကြားသိခွင့်ရမှ နိုင်ငံအရေးကို ပိုမိုစိတ်ဝင်စား လာတာပါ ။

ကိုယ့်နိုင်ငံက အစိုးရ မကောင်းတာ ပြည်တွင်းမှာဘဲ ခံစားနေရတယ်လို့ ထင်နေကြရင် ထပ်မှားအုံးမယ် ။ ဒီနေ့ နိုင်ငံတကာ မှာ မြန်မာလူမျိုးဆိုတာ
အင်မတန် မျက်နှာငယ်နေရပါပြီ ။ အရည်အချင်း ချင်းတူရင်တောင် မြန်မာနိုင်ငံသား ဆို နှိမ်ထားတတ်ကြတာ အလုပ်ရှင်တိုင်းရဲ့ သဘောထားပါ ။
ဘာဖြစ်လို့လည်း မြန်မာနိုင်ငံသားတွေ ဆီက တရားဝင် အခွန်ယူနေကြတဲ့ သံရုံးဆိုတာ အလုပ်သမား ပြဿနာတွကို စိတ်မ၀င်စား ကြဘူးလေ ။
အခွန်ပေးချင်ရင်တောင် ခခယယနဲ့ တောင်းပန်ပြီး ပေးနေကြရတာကို နိုင်ငံတကာကလူတွေ သိနေကြတယ် ။ လက်ရှိအာဏာရှင် တွေ အုပ်စိုးသမျှ
မြန်မာနိုင်ငံသားတွေ ပြည်တော် မပြန်နိုင်တာကို သိနေကြတော့ ၀ိုင်းပြီး အနှိမ်ခံ နေရတာကို အသည်းနာ လွန်းလို့ ကိုယ့်တိုင်းပြည် တိုးတက်စေချင်တဲ့
စေတနာနဲ့ ကိုယ့်ထမင်းကိုယ်စားပြီး နိုင်ငံရေး လုပ်တာ အပြစ်လား ။ ပြည်ပရောက်မှ ဒီမိုကရေစီ လုပ်ရှားမှု ကို စတင်လာကြတာ
ကျွန်တော်တို့ အမှားလား ။ အမှားဆိုတာကို သိတဲ့ အချိန်က စပြီး အမှားကို ကျောခိုင်းခဲ့ပြီး အမှန်တရားကို ဦးထိပ်ထားခဲ့တာ မြတ်ဗုဒ္ဓရဲ့ လမ်းညွှန်ချက်
မဟုတ်ဘူးလား ။


အရင်က ဘာသာရေး မိတ်ဆွေတွေနဲ့ တွေ့တိုင်း ကျွန်တော်ကို နိုင်ငံရေးဘက် ဘာကြောင့် ပြောင်းသွားတာလည်း တော်တော်များများက
မေးကြပါတယ် ။ မြတ်ဗုဒ္ဓရဲ့ လမ်းညွှန်ချက်ကြောင့် လူဖြစ်ရခြင်းရဲ့ ရည်ရွယ်ချက်ကို နားလည် သဘောပေါက်လာမိတယ် ။
လူဖြစ်ရခြင်းရဲ့ ရည်ရွယ်ချက်ကို သဘောပေါက်လာတော့ လူပီသချင်လာတယ် ။ လူရယ်လို့ ဖြစ်လာရင် ကိုယ်ကျိုးအတ္တထက် အများအကျိုးကို ရှေးရှုပါလို့
မြတ်ဗုဒ္ဓက လမ်းညွှန်ပြသခဲ့တာ တရားတော်များမှာ အထင်အရှား ရှိပါတယ် ။ ဒါကြောင့် ငါဆိုတဲ့ ကိုယ်ကျိုးအတ္တကို ရှေ့တန်းတင်ပြီး အာဏာရှင်တွေ
အလိုကျ အသုံးတော်ခံ ဘ၀တော့ ဘယ်တော့မှ အရောက်မခံတော့ဘူးလို့ ဆုံးဖြတ်ထားတယ် ။ ဒါကြောင့်နိုင်ငံရေး လုပ်တာပါလို့ ပြန်ဖြေပေးမိပါတယ် ။ အဲဒီတော့ နိုင်ရာတာဝန်ကို ထမ်းတဲ့အနေနဲ့ ကိုယ်သိထားသမျှကို အများကိုလည်း သိစေချင်တယ် ။ မြန်မာနိုင်ငံသားတွေ လူပီသစေချင်တယ် ။
သူရဲကောင်း စိတ်ဓါတ်တွေ မွေးမြူးစေချင်တယ် ။ ကိုယ်ကျိုးစွှန့် အနစ်နာခံခဲ့တဲ့ ခေါင်းဆောင်တွေကို လေးစားချစ်ခင် မြတ်နိုးစေချင်ပါတယ် ။
လူဖြစ်ရတဲ့ ခဏတာလေးမှာ လူပီသအောင် နေထိုင်ချင်တဲ့ လူတွေများလာရင် ၊ လူဖြစ်ရခြင်းရဲ့ ရည်ရွယ်ချက်တွေ သဘောပေါက်လာတဲ့
လူတွေ များလာရင် ကျွန်တော်တို့ တိုင်းပြည် မကြာခင် အာဏာရှင် စနစ်ဆိုးအောက်က လွတ်မြောက်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတည်ဆောက်
နိုင်မှာ အသေအချာပါ ။ ဒါကြောင့် မြန်မာနိုင်ငံသား အားလုံး လူပီသအောင် နေထိုင်ကြပါစို့လို့ လေးစားစွာ တိုက်တွန်းနိုးဆော်လိုက် ရပါတယ် ။


ခင်မင်လေးစားလျှက်

ဗမာ့သွေး

Monday, October 4, 2010

သူရဲကောင်းစိတ်ဓါတ်များ မွေးမြူပေးကြပါ

သူရဲကောင်းစိတ်ဓါတ်များ မွေးမြူပေးကြပါ



" ငါတို့ ဗမာပြည်ဝယ် မိဘတိုင်းက ကွယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ် " ထိုသီချင်းစာသား လေးကို အလွန်ကြိုက်၏ ။ လူတော်တော်များများလည်း လွန်စွာ ကြိုက်နှစ်သက်လှသည် ကို တွေ့ရတာဘဲ ။ ငယ်ငယ်တုန်းက တော့ သူရဲကောင်းဆိုတာ မွေးကတည်းက အလွန်သတ္တိရှိသော သူဟု ထင်မြင်ယူဆခဲ့တာလည်း အမှန်ပါ ဘဲ ။ နောက်ပိုင်းစာတွေ များများဖတ်မိလာသော အခါ သူရဲကောင်းဆိုသော သဘာဝကို ပိုမိုသိရှိနားလည် သဘောပေါက်လာမိသည် ။

သူရဲကောင်းစိတ်ဓါတ်ကို မွေးမြူရင် ကိုယ်တိုင် သူရဲကောင်းဖြစ်လာနိုင်တယ်ဆိုတာကို တကယ်နားလည် သဘောပေါက်လာတယ် ။

ဒါပေမယ့် ဒီနေ့မြန်မာနိုင်ငံလက်ရှိအနေအထား ကိုကြည့်လိုက်ရင်တော့ အဲဒီ သီချင်းကို ရင်ထဲက စိတ်ပါလက်ပါ ဆိုခဲ့ကြတဲ့လူကြီးတွေ မိဘနေရာကို ရောက်နေကြပါပြီ ။

ဒါပေမယ့် ကျွန်တော့ မိဘ အပါအ၀င် တော်တော်များများက သူတို့ သားသမီးတွေ သူရဲကောင်းဖြစ်မှာကို မသိစိတ်က စိုးရိမ်နေကြတယ် ။ ဒါကြောင့် နိုင်ငံရေးဆိုတာကို သားသမီးတွေ နဲ့ မပက်သက်အောင် တဖြည်းဖြည်းပုံသွင်းလာကြာတာကို တွေ့ရတော့ သူတို့ တွေ ငယ်ငယ်က ဆိုခဲ့တဲ့ သီချင်းလေးဘဲ ပြန်ဖွင့်ပြပြောဆိုရမလို ဖြစ်နေပြီ ။ သားသမီးတွေ ကို တကယ်ချစ်တဲ့ မိဘဆိုရင် လမ်းမှန်ပြပေးရမယ်လို့ဘဲ ထင်ပါတယ် ။ သူတို့တွေ သားသမီးတွေကို စိုးရိမ်စိတ်နဲ့ ပြောကြလို့ နိုင်ငံရေးဆိုတာ လူငယ်တွေ အနနဲ့ မသီစရာ ကြောက်စရာ သဘောမျိုးခံယူလာကြတာတော့ မကောင်းပါဘူး ။

သူတို့ တွေ တကယ်တန်းပြောပြသင့်တာက သူတို့တွေရဲ့ ငယ်ဘ၀တွေ နဲ့ အခုချိန်နဲ့ နှိုင်းယှဉ်ရင် ဘယ်လို ကွာခြားသွားပြီ ။ဟိုအရင်ခတ်က ၀န်ထမ်းတစ်ယောက်လုပ်စာကို တစ်မိသားစုလုံး ထိုင်စားလို့ရတယ် ။ အခုအနေအထားက တစ်အိမ်လုံးလုပ်နိုင်ကိုင်နိုင်တွေလုပ်နေကြတာတောင် ၀မ်းဝရုံဘဲရှိတော့တာ ။ ဒီလိုပြောင်းလဲလာရတဲ့ အဓိကအကြောင်းတွေကို ပြောပြရမှာ ။ အခုတော့အကြောက်တရားတွေ ကို ပြောကြား ကိုယ့်သားသမီးကို သူရဲကောင်းမဖြစ်စေချင်တာ မိဘတွေ ချစ်တာ မဟုတ်ဘူး ၊ နှစ်သလိုဖြစ်နေပြီဆိုတာ ဆင်ခြင်ကြည့်ကြဖို့ကောင်းပါပြီ ။ ကိုယ့်သားသမီး သူရဲကောင်းပါ ဆိုတာ ဂုဏ်ယူချင်တဲ့မိဘတွေ များလာမှ အာဏာရှင်စနစ်ဆိုးအောက် ကလွတ်မြောက်ပြီး တိုင်းပြည် တိုးတက်ထွန်းကားလာမှပါ ။ သူရဲကောင်းဆိုတာ ပြည်သူလူထုက အမြဲတမ်လေးစားချစ်ခင် ယုံကြည်မှုကို ခံရတယ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းကို ကိုကြည့်လိုက်တာနဲ့ သိသာပါတယ်။ အဲဒီလိုပါဘဲကိုယ်တိုင် သူရဲကောင်းဖြစ်လာရင် ပြည်သူလူထု ကလေးစားချစ်ခင်ကြမှာဘဲ ။



ကျွန်တော်တို့ နိုင်ငံဟာ အခုအချိန်မှာ နိုင်ငံတကာအလယ်နဲ့ နိုင်းယှဉ်ကြည့်၇င် အရမ်းကို အောက်တန်းကျနေပါပြီ ။ စိတ်ဓါတ်တွေလည်း ပျက်ပြားကုန်ကြပါပြီ ။ သာသနာဆိုတာလည်း ရစရာ မရှိတော့ဘူး ။ နိုင်ငံတကာက လူတွေက မြန်မာလူမျိုးဆိုရင် ဗုဒ္ဓဘာသာနဲ့ တွဲမြင်လေ့ရှိတယ် ။ အခုတော့ရတနာ သုံးပါးမှာ တစ်ပါး အပါအ၀င်ဖြစ်နေတဲ့ သံဃာကို စော်ကားလည်း ထိုင်ကြည့်နေရတာဘဲ ။ အာဏာရှင်တွေ စော်ကားသမျှ ခေါင်းငုံ့ခံနေကြတာ ပြည်သူလူထု မှာ အကြောက်တရားတွေ ဖုံးလွှမ်းနေကြလို့ပါဘဲ ။

အဲဒီလို အကြောက်တရားတွေ ဖုံးလွှမ်းလာလေ သူတို့ပိုမိုစော်ကားလေ ဆိုတာ မမေ့ကြပါနဲ့ ။ နိုင်ငံအရေး ကို အတိုကောက်နဲ့ အဆင်ပြေအောင် နိုင်ငံရေးလို့ ခေါ်ကြတာပါ ။ နိုင်ငံအရေးဆိုတာ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်ပါတယ် ဆိုတာတော့အားလုံး သိပြီးသားပါ ။ ဒါဆို ကျွန်တော်တို့ တစ်တွေ နိုင်ရာတာဝန်ထမ်းသင့်ကြတယ်လို့ ပထမဆုံး အနေနဲ့ ဆုံးဖြတ်ချက်တွေ ချလိုက်ကြရင်မကောင်းဘူးလား ။



ရွေးကောက်ပွဲဆိုတာ နိုင်ငံတကာ ဖိအား (၀ါ) ပြည်ပရောက်မြန်မာ့ဒီမိုကရေစီ အင်အားစုသယ်ဆောင်လာတဲ့မုန်တိုင်း ကို ကာကွယ် ဖို့ ဟန်ပြလုပ်နေတယ်ဆိုတာ အားလုံး အသိပါဘဲ ။ သူတို့တွေမှာ ကြိုတင်စီစဉ်ပြီးသား ။ ဒါပေမယ့် လူထုကို သေနတ်ပြခြိမ်းခြောက်ပြီး တစ်အိမ်တစ်ယောက် မလာ မနေရ စနစ်နဲ့ အတင်းသဘောတူခိုင်းခဲ့တဲ့ ဥပဒေဆိုတာ သူတို့ တွေမေ့နေကြတာလား ၊ ဒါမှမဟုတ်ရင် အခြေခံဥပဒေလိုဘဲ ပြည်သူလူထုကို အနိုင်ကျင့်မဲပေးခိုင်းမယ်လို့ သူတို့တွေ တွေးထင်ထားကြတာလား မသိပါဘူး ။ တစ်သွေးတစ်သံ တစ်မိန့် ဆိုတဲ့ စကားအောက်မှာ ဒုက္ခရောက်နေကြတဲ့ တပ်မတော် များ အပါအ၀င် ပြည်သူ့ဝန်ထမ်းတွေ များစွာ ရှိပါတယ် ။ သူတို့တစ်တွေလည်း အာဏာရှင်လက်အောက် က ရုန်းထွက်ချင်နေကြတယ်ဆိုတာ ကို အတွင်းစကားတွေနဲ့ တော်တော်များများကြားသိထားရတယ် ။ တကယ်တမ်းလည်း ဟုတ်ပါတယ် အာဏာရှင်တွေရဲ့ အုပ်ချုပ်ရေး ယန္တရားကို အဓိက မောင်းနှင်ပေးနေတာကလည်း တပ်မတော်သားတွေနဲ့ ၀န်ထမ်းတွေပါဘဲ ။ သူတို့တွေကို အမှန်တရားဆိုတာ နားလည်သဘောက်ပေါက်လာအောင် ပြောပြပေးကြပါ ။



ကိုယ့်ရဲ့ရန်သူကို တိုက်မယ်ဆိုရင် ဟာကွက် ပျော့ကွက်ကို အရင်ဆုံးရှာဖွေကြရမယ်။ အာဏာရှင်လူတစ်စု အတွင်းမှာတောင် စစ်မှန်တဲ့ ယုံကြည်မှုနဲ့ တည်ဆောက်ထားတာမဟုတ်ကြလို့ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုမရှိကြပါဘူး။ သူတို့ အစီအမံက ၀န်ကြီးချုပ် အပါအ၀င်အုပ်ချုပ်ရေး ပိုင်းက အရာရှိတော်တော်များများကို လူဝတ်လဲပြီးေ၇ွးကောက်ပွဲ ၀င်ခိုင်းမယ် ။ ပြီးရင် ဦးသန်းရွှေက အာဏာကို ဆက်လက်ထိမ်းသိန်းကြမယ်လို့ ကြံစည်ခဲ့ကြတယ် ။

တကယ်လည်းလူဝတ်လဲခိုင်းမယ်ဆိုတော့ သိတဲ့အတိုင်း အချင်းချင်းမယုံကြည်မှုက ပြဿနာ စလာကြမှာပါဘဲ ။ ယူနီဖောင်းချွတ်လိုက်တာနဲ့ သူတို့ရခဲ့သမျှ အာဏာတွေ ရုပ်သိန်းခံရတာ နဲ့တူတူပါဘဲ ။ သူတို့လောက ကလည်းအာဏာမရှိတာနဲ့ တပြိုင်နက်ထဲ ချောင်ထိုးပြီးသားဆိုတာ ပြည်သူလူထုအားလုံး သိပြီးသားဖြစ်မှာပါ ။ အဲဒီအချိန်ဟာ ကျွန်တော်တို့ ပြည်သူလူထု လုပ်ရှားဖို့ အကောင်းဆုံး အချိန်ပါဘဲ ။

အတွင်းအက်နေတဲ့ အချိန်မှာ အပြင်ကတစ်ချက်လောက် ၀ိုင်းပြီး ထုနှက်လိုက်တာနဲ့ အားလုံးလိုချင်တဲ့ အာဏာရှင်စနစ်ဆိုးကြီးကို ဖြိုခွင်းနိုင်မှာပါ ။



ဒီမိုကရေစီကို လိုချင်ရင် ဒီမိုကရေစီ ရနိုင်မည့် နည်းလမ်းကို ချဉ်းကပ်ကြတာ အမှန်ဆုံးပါဘဲ ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ ဒါနပြုတဲ့ နေရာမှာ အားနည်းချက် တစ်ခုရှိပါတယ် ။ ဘုရားပုထိုးစေတီကျောင်းကန် ဇရပ်တွေ ဆောက်လုပ်လှူဒန်းဖို့ဆို စိတ်အားထက်သန်ကြပေမယ့် လူမှုရေး အလှူဆို အားနည်းကြသေးတယ်။ အခုတော့ ဆရာတော် ဦးညဏိဿရ ၊ ဦးသုမင်္ဂလ ၊ ရွေပြည်သာ ဆရာတော်နှင့်တကွ သံဃာတော်များ ၊ ကိုကျော်သူ ၊ လမ်းပြကြယ်ဦးအေးမြင့် အစရှိသည့် ပြည်သူ့ အကျိုးဆောင် များကြောင့် လူမှုရေးအလှူတွေ ကို လှူတတ်လာကြပြီ ။ ဒါပေမယ့်လည်း အားရကျေနပ်နိုင်တဲ့ အဆင့်တော့ မဟုတ်သေးပါဘူး ။ နိုင်ငံအကြိုးသယ်ပိုးနေတဲ့လူတွေကို ၀ိုင်းဝန်းကူညီကြတာဟာ အမျိုးဘာသာ သာသနာ အားလုံးကို လှူဒန်းတာနဲ့ အတူတူပါဘဲ ။ အာဏာရှင်စနစ်ဆိုးကို ဖြုတ်ချဖို့ကြိုးစားတာဟာ မြန်မာလူမျိုးတွေကို ဒုက္ခဆိုးကြီးထဲက ကူညီလိုက်တာနဲ့တူတူပါဘဲ ။ မီးလောင်တယ်ဆိုရင် ကြားတာနဲ့ ကူညီပေးသင့်တယ် ။ ငါအိမ်နဲ့တော့ဝေးပါသေးတယ် ဆိုတဲ့အတွေးနဲ့ နေလိုက်လို့အဲဒီလောင်တဲ့မီး အားကြီးလာရင် ကိုယ်အိမ်လဲ မီးထဲပါသွားနိုင်တယ်ဆိုတာ ဥပမာထား စဉ်းစားစေလိုပါတယ် ။ အဲဒီတော့ စစ်မှန်တဲ့ ဒီမိုကရေစီ အတွက် တိုက်ပွဲဝင်တဲ့ သူရဲကောင်းတွေ ရှိနေတဲ့ အချိန်အခါလေးမှာ မိမိတို့ တတ်နိုင်တဲ့ ဘက်က ပါဝင်ကူညီကြပါလို့ ရိုးသားစွာဘဲ မေတ္တာရပ်ခံ အပ်ပါတယ်။



နောက်ဆုံးအနေနဲ့ပြေချင်တာကတော့ မိမိတို့ နိုင်ရာတာဝန်ကို ထမ်းဆောင်ပေးကြပါ ။ လူကြီးမိဘများအနနဲ့ သားသမီးများတွေ ရင်ဘတ်ထဲက အကြောက်တရားကို မောင်းထုတ်ပြီး သူရဲကောင်းများစိတ်ဓါတ်များ ဖြစ်ပွားလာအောင် သွန်သင်ဆုံးမပေးကြပါ ။ တစ်ဦးရဲ့ အမှားကို တစ်ဦးက ပြစ်တင်ပြောဆိုနေကြမည့် အစား လမ်းမှန်ပြပေးကြပါ ။ တစ်ယောက်နဲ့ တစ်ယောက် လုပ်နိုင်တာချင်း မတူတာကို အားလုံးနားလည်ပေးကြပါ ။ ကိုယ်တိုင်ဦးဆောင်ဆန္ဒမပြရဲကြပေမယ့် လက်ခုပ်တီးပြီးအားပေးတယ်ဆိုရင်တောင် ခဲနဲ့ပေါက်တာမဟုတ်တဲ့အတွက် သူရဲ့လုပ်ရပ်ကို ချီးကြူးရမှာပါ ။ လူကိုယ်တိုင် မပါဝင်နိုင်လို့ငွေအားနဲ့ကူညီရင် လည်း ချီးကြူးပေးကြရမှာဘဲ ။ အားလုံးရဲ့ဦးတည်ချက်က အာဏာရှင်စနစ်ဖြုတ်ချရေး ဖြစ်တာကြောင့် တစ်ဦးနဲ့ တစ်ဦး အဖွဲအစည်း တစ်ခုနဲ့ တစ်ခု ပူးပေါင်းဆောင်ရွက်ကြပါလို့ အသိပညာရှင် အတတ်ပညာရှင်တွေကို မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။



မြန်မာလူမျိုးတွေဟာ အင်မတန်သတ္တိရှိကြပါတယ် ဆိုတာ ကျွန်တော် ယုံကြည်ပါတယ် ။

အမှန်တရားမှာ အင်အားရှိတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ အာဏာရှင်လူတစ်စု အရမ်းကြောက်နေကြတာကိုသာကြည့်ကြပါ ။ တကယ် ဒီမိုကရေစီဆိုတဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ တိုင်းပြည်ကို ရောက်ချင်တယ်ဆိုရင် ကိုယ်နိုင်ရာ တာဝန်ကို ထမ်းဆောင်ပေးကြပါ ။ ပြည်ပရောက် မြန်မာလူမျိုးတွေဟာ ပြည်တွင်းအင်အားစုတွေနဲ့စာရင် အစစအရာရာ အားသာချက်တွေရှိပါတယ် ။ အဲဒီတော့ ပြည်ပရောက် မြန်မာလူမျိုး ညီအစ်ကို မောင်နှမ များအားလုံးကို မေတ္တာရပ်ခံချင်တာကတော့ ကျွန်တော်တို့ တစ်တွေ သူများတိုင်းပြည်မှာ ကျွန်သက်ရှည်ရှည် မနေကြရအောင် ကျွန်တော်တို့ တတ်နိုင်တဲ့ ငွေအားနဲ့ နည်းပညာကို အသုံးချပြီး ပြည်တွင်းအင်အားစုတွေ အကောင်းဆုံးနဲ့ အထိရောက်ဆုံးလုပ်ရှားနိုင်ဖို့ ၀ိုင်းဝန်းကူညီကြပေးကြပါလို့ အလေးအနက် တိုက်တွန်းပြောကြားချင်ပါတယ်။ ကျွန်တော်တို့ အတွေ စည်းလုံးညီညွတ်စွာ နဲ့ သူရဲကောင်းစိတ်ဓါတ်တွေ မွေးမြူပြီး အာဏာရှင်စနစ်ဆိုးအောက် က လွတ်မြောက်ပြီး ခေတ်မှီလှပသော ငြိမ်းချမ်းသာယာသောဒီမိုကရေစီ နိုင်ငံကြီးသို့ အမြန်ဆုံးချီတက်ကြပါစို့ ။



ခင်မင်လေးစားလျှက်



ဗမာ့သွေး

သူရဲကောင်း ဖိတ်စာ

သူရဲကောင်း ဖိတ်စာ

ကျွန်တော်တို့ မြန်မာနိုင်ငံ အာဏာရှင်စနစ် ဆိုးအောက်မှ လွတ်မြောက်ပြီး ဒီမိုကရေစီ နိုင်ငံသို့ လမ်းလျှောက်ကြမည့် ခရီးစဉ်တွင် သင်သည် အဓိက အကျဆုံးလူဖြစ်နေသည် ကို မမေ့ပါနှင့် ။ ထိုသို့ပြောလိုက်၍ သင့်ကို မြှောက်ပြောတာဟု မထင်ထားပါနှင့် ။ ကျွန်တော့် မညာတတ် ၊ မလိမ်တတ်ပါ ။ ဘာကြောင့် ကျွန်တော် ထို့သို့ပြောရသည်ကို ရှင်းပြပါမည် ။ သင်သည် မြန်မာနိုင်ငံသားဟု သင့်ကိုယ်သင့် ခံယူထားလျှင် သင့်နိုင်ငံတိုးတက် ကောင်းမွန်ရေးကို သင်ကိုယ်တိုင်လုပ်ဆောင် ရပေမည် ။ အခြေအနေ အရပ်ရပ်ကို မှန်မှန်ကန်ကန် တွေးခေါ်ပြီး တကယ်လက်တွေ့ ကျကျ လုပ်ကြဖို့ အရေးကြီးနေပြီ ။ အဘက်ဘက်က ဆုတ်ယုတ်နေသော ကျွန်ူပ်တို့ တိုင်းပြည်ကို တကယ်ကောင်းစားစေချင်လျှင် သင့်ကိုယ်သင် အရင်ပြင်ရမည် ဖြစ်သည် ။ လူတကာ လက်ညိုးဝိုင်းထိုး နေသာ အာဏာရှင်တွေ သက်ဆိုးရှည်ရေး လမ်းစဉ်ကို သင့်ကူညီထောက်ပံ့ပေးနိုင်သလို ဒီမိုကရေစီ လမ်းဖောက်နေသူများကို ကူညီပေးနိုင်သူမှာလည်း သင်သာ ဖြစ်သည် ။ သင့်၏ ခွန်အားများကို အကျိုးရှိစွာ အသုံးချမည်လော ၊ တိုင်းပြည်ကို နွံနစ်သထက်နစ်လာအောင် ကူ၍ တွန်းချမည်လော ။ သေချာစွာ ဆင်ခြင်စဉ်းစားသင့်သည် ။ သင် အတိတ်က မှားခဲ့ကောင်း မှားခဲ့နိုင်ပါသည် ။ သို့သော် ပုစ္စုပ္ပန် လုပ်ရပ်များတွင် သင့်အမှားတွေ ပြင်ဆင်ပြီး အနာဂတ် တွင် ပိုမိုကောင်းမွန်သော နည်းလမ်းများဖြင့် တိုင်းပြည်အတွက် ဆက်လက်ကြိုးစားကြဖို့သာ ရှိပေသည် ။

ကျွန်ူပ်တို့ အားလုံး တော်လှန်ရေးဇတ်ကားများ ၊ ဇတ်ကြမ်းကား ရုပ်ရှင်များ ကြည့်ဖူးကြသည် ဟု ထင်မိပါသည် ။ ထိုဇတ်ကားများ ကြည့်သည့်အခါ ပြည်သူလူထု အား အကြမ်းဖက်သူ လူဆိုးတို့မှ ညင်းပန်းနှိပ်စက်သည့် အခန်းများတွင် ကယ်တင်ရှင် သူရဲကောင်းများ မြန်မြန်ရောက်လာ စေရန် ကြည့်နေရင်း မျှော်လင့်မိကြသည် မဟုတ်ပါလော ။ ထိုဇတ်ကားများ သည် ဒါ၇ိုက်တာ၏ ဇတ်ညွှန်းအတိုင်း ကနေကြသည်ကို သိလျှက်နှင့်ပင် သူရဲကောင်းတို့ ရောက်လာချိန်ကို မချင့်မရဲ စောင့်စားရင်း အားမလို အားမရ ဖြစ်ခဲ့ကြဘူးသည်ကို ပြန်လည် အမှတ်ရ ကြည့်ပါ ။ ထို့ကဲ့သို့ သူရဲကောင်း ရောက်လာ၍ ရန်သူလက်တွင်းမှ ပြည်သူလူထုကို ကယ်တင်ခန်းများ ကြည့်ရသည့် အခါတွင် စိတ်တွင် ကြည်နူးကာ လက်ခုပ်လက်ဝါး တီးကာ အားပေးသည့် လူများကိုပင် အများအပြားတွေ့ရှိရပါသည် ။ ယခုအချိန်တွင်လည်း မြန်မာနိုင်ငံ ပြည်သူလူထုသည် အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်အောင် ဆောင်ကြဉ်းပေးနိုင်မည့် သူရဲကောင်းကို စောင့်မျှော်လျှက် ရှိပါသည် ။ သို့သော် မည်သူမည်ဝါ သူရဲကောင်းလုပ်ရမည်ဟု သတ်မှတ်ထားချက် မရှိပါ ။ ထို့ကြောင့် သူရဲကောင်းတွေကို ချစ်မြတ်နိုးသော ကျွန်ူပ်တို့ တမျိုးသာလုံး သူရဲကောင်း ဖြစ်အောင် ကြိုးစားနိုင်ဖို့ အခါအခွင့်သင့်လေပြီ ဖြစ်သည် ။ အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်အောင်ကယ်တင်ပေးမည့် သူရဲကောင်းသည် သင်ကိုယ်တိုင်လည်း ဖြစ်နိုင်ပါသည် ။ အခြားသူများကို သူရဲကောင်းဘွဲ့အပ်နှင်းဖို့ စောင့်နေမည့်အစား သင့်ကိုယ်သင် သူရဲကောင်းဘွဲ့အပ်နှင်းလိုက်သည်က အကောင်းဆုံးဖြစ်ပေလိမ့်မည် ။

"မြတ်ဗုဒ္ဓကလည်း မိမိကိုယ်သာ ကိုးကွယ်ရာလို့ ဆုံးမလမ်းပြခဲ့ဘူး တယ်" ။ " ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း " ဟုတ် ဗိုလ်ချုပ်အောင်ဆန်းက ကဗျာ တပုဒ်ထဲတွင် ရေးပြခဲ့ဘူးတယ် ။ ဒီစကားတွေကို ဥပမာထားပြီး ကျွန်တော်တို့ ကြိုးစားကြရမယ် ။ တကယ်ရွေးစရာ လမ်းမရှိတော့လို့ တိုက်ပွဲဝင်ကြပါစို့လို့ လိုက်လံ နိုးဆော်နေတာပါ ။ ပြည်သူတွေ ဆင်းရဲ ဒုက္ခရောက်နေတာလည်း အားလုံးမျက်မြင် ကိုယ်တွေ့ပါဘဲ ။ ၂၂ နှစ်တော်လှန်ရေး ဆင်နွှဲခဲ့တာ မအောင်မြင်ပါဘူးလို့ ပြောလာတဲ့သူတွေကို ပြန်မေးကြည့်ပါအုံး ။ ၂၂ နှစ်လုံးလုံးတိုင်းပြည် ဘဏ္ဍာတွေကို စိတ်ကြိုက်အသုံးချခဲ့ ပြီး ပြည်သူလူထု ဘ၀ကို လက်နက်ပြအုပ်စိုးထားတဲ့ အစိုးရ ကကော တိုင်းပြည်အတွက် ဘာတွေများ လုပ်ပေးပြီးပြီးလဲ ။ လွန်ခဲ့တဲ့ ၂၂ နှစ် က ပြည်သူလူထု ရပ်တည်ရတဲ့ အခြေအနေထက် အခုအခြေအနေ ပိုမိုဆိုးရွားလာတာ ဘယ်သူကြောင့်လဲ ။ ဆက်ငုံ့ခံနေရင်တော့ အမျိုးပျေက်မှာ သေချာတယ် ။ အာဏာကို လွန်စွာ တွယ်ကာမက်နေတဲ့ လူတွေက မေတ္တာတရားဆိုတာ နားမလည်ကြတော့ဘူး ။ ဘုရားတွေ လှည့်တည်နေတဲ့ သူတို့တစ်တွေကဘဲ သံဃာတွေကို သတ်ပြခဲ့တယ် ။ အဲဒါသာသနာကို စော်ကားတာလား ၊ ချီးမြှောက်တာလား စဉ်းစားစရာ မလိုတော့ဘူး ။ လူမျိုးနဲ့သာသနာ တည်မြဲစေဖို့ အတွက် ကြိုးစားရမည့် အချိန်အခါမှလည်း သင့်က အဓိကကျဆုံး လူသားဖြစ်ပေသည် ။ သင့်ပတ်ဝန်းကျင်တွင် ကြီးဆိုးနေသည့် မတရား အဓမ္မမှုများ ကို ကာကွယ်ရန်မှာ သင်၏ တာဝန်ဝတ္တရား ပင်ဖြစ်လေသည် ။


ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံးကို သူတို့နားလည် အောင် အဓိပ္ပာယ်ဖွင့်ဆိုပေးနိုင်တဲ့ လူတွေ သူတို့ အနားမှာ တစ်ယောက်မှ မရှိပါဘူး ။ ဖြစ်ချင်တာဖြစ် ပစ်သာပစ် ကွာ ဆိုတဲ့ သူတို့ ပါးစပ်ဖျားက အမိန့်စကားအောက်မှာ အသက်ကွယ်ကာ ပျောက်ခဲ့ရတဲ့ ရဟန်းရှင်လူ ကျောင်းသား ကျောင်းသူတွေ နည်းတော့တာ မဟုတ်ဘူး ။ တဖြည်းဖြည်းနဲ့ လူ့အခွင့်အရေးတွေ ဆုံးရှုံးလာတာ နိုင်ငံတော် သီချင်းတောင် ခင်ဗျာတို့ လွတ်လွတ်လပ်လပ်ဆိုလို့ ရတော့လို့လား ။ ကျွန်တော်သိတဲ့ ဒီမိုကရေစီ လမ်းစဉ်ဆိုတာ လူထုက အုပ်ချုပ် အာဏာအပ်နှင်းတာ ဖြစ်တယ် ။ လူထုဆန္ဒကို လည်း လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရှိတယ် ။ အခုတော့ စာနယ်ဇင်း လွတ်လပ်ခွင့်တောင် မရှိဘူး ။ ဒါဟာ ဒီမိုကရေစီ လမ်းစဉ် ကို ချည်းကပ်တာ မဟုတ်ဘူး ။ ဖက်ဆစ်စနစ်ကို ပြန်လည် အသက်သွင်းဖို့ ကြိုးစားနေတာ ။ ဒါတွေကို ငုံခံနေစရာ အကြောင်းမရှိဘူး ။ ပြည်သူ့ဆန္ဒဖော် တွေကို ဖော် ထုတ်ပြသရမယ် ။ သမိုင်းကြွေးတွေ ဆပ်စရာ အများကြီး ဘဲ ၊ ထပ်ပြီး အကြွေးတင် မခံကြတော့နဲ့ ရသလောက် တော့ နိုင်ရာတာဝန်ထမ်းပြီး ဆပ်ဖို့ကြိုးစားပေးကြပါ ။နောင်လာမည့် မျိုးဆက်တွေကို ကျွန်ူပ်တို့ကဲ့သို့ စနစ်ဆိုးကြီးရဲ့ ဒဏ်ကို မခံစားရစေဖို့ ယခုချိန်က စပြီး အာဏာရှင်စနစ်ကို တိုက်ထုတ်ဖို့ ကြိုးစား အားထုတ်ကြရမည် မှာ မြန်မာနိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ပေသည် ။

ကျွန်ူပ်တို့လိုချင်သော အုပ်ချုပ်ရေး ပုံစံကို ကျွန်ူပ်တို့ ကိုယ်တိုင်ပင် ဖန်တီးရယူရမည် ။ ကျွန်ူပ်တို့ တိုင်းပြည်အား ငြိမ်းချမ်းသာယာ၍ ခေတ်မှီဖွံ့ဖြိုးတိုးတက်မှု ကို အမှန်တကယ် လိုလားလျှင် ကျွန်ူပ်တို့ လက်တွဲကာ ၀ိုင်းဝန်းကြိုးစားကြရမည်ဖြစ်သည် ။ထိုသို့သော တရားမျှတ၍ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော အုပ်ချုပ်ရေး စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လူထုဆန္ဒဖော်ထုတ်ပွဲ များ ကျင်းပ၍ တောင်းဆို တိုက်ပွဲဝင်ရန် ကြံစည်ကြိုးကုတ် အားထုတ်လုပ်ဆောင် သင့်သည့် အချိန်အခါ သို့ရောက်ရှိလာပေမည် ။ တိုက်ပွဲဝင်ရာတွင် လည်း အချိန်တိုတိုနှင့် အထိရောက်ဆုံးဖြစ်အောင် ကျွန်ူပ်တို့ဘက်မှ စီစဉ်ထားရှိကြရမည် ဖြစ်လေသည် ။ ယခုတိုက်ပွဲသည် ကျွန်ူပ်တို့ တိုင်းပြည် အတွက် နောက်ဆုံး ဒီမိုကရေစီ တိုက်ပွဲ ဖြစ်သည်ဟု ဆုံးဖြတ်ကာ မကြေက်မရွံ့ နောက်မတွန့်ဘဲ တိုက်ပွဲဝင်ကြလျှင် မုချအောင်မြင်မှု ရမည် ဖြစ်သည် ။ သင်၏ သတ္တိနှင့်စွမ်းရည်ကို ယုံကြည်သလို့ သင်၏ တိုင်းပြည်အပေါ်ထားရှိသော တိုင်းပြည် ကို ချစ်မြတ်နိုးစိတ် ကိုလည်း ကျွန်ူပ် အကြွင်းမဲ့ ယုံကြည်ပါ၏ ။ ထိုကြောင့် နောင်အခါဝယ် မြန်မာပြည်၏ ဒီမိုကရေစီ သူရဲကောင်း ပါလို့ ပြည်သူလူထု နူတ်ဖျားမှ ရွတ်ကာ စိတ်ဝယ် တသသနှင့် တမ်းတရသည့် သူရဲကောင်းဖြစ်လာမည့် သင့်ကို ကျွန်ူပ်မှ တိုက်ပွဲဝင်ရန် လေးစားစွာ ဖိတ်ခေါ် အသိပေး အကြောင်းကြားလိုက်ပါသည် ။


ခင်မင်လေးစားလျှက်

ဗမာ့သွေး

ဒီမိုကရေစီ နှင့် မြန်မာပြည်

ဒီမိုကရေစီ နှင့် မြန်မာပြည်

အချို့လူတွေက ပြောကြတယ် မြန်မာလူမျိုးတွေ စည်းကမ်းမရှိတော့ဘူးတဲ့ ။ အဲဒီလို လူမျိုးတွေကို ပြန်မေးလိုက်ချင်ပါသေးတယ် ။
ဘာကိုများကြည့်ပြီး ပြောကြတာလဲ လို့ ။ မြန်မာလူမျိုးတွေ နိုင်ငံတကာမှာ သွားရောက် အလုပ်လုပ်ကိုင်နေကြတာ ဘယ်နိုင်ငံကမှ
မြန်မာလူမျိုးတွေ စည်းကမ်းမရှိပါဘူးလို့ မပြောပါဘူး ။ အမှိုက်ပုံးမထားပေးဘဲနဲ့ စည်းကမ်းမဲ့ အမှိုက်ပစ်တယ်လို့ ပြောတာ တရားမျှတမှု ရှိရဲ့လား ။
တကယ်ဆို အမှိုက်ပစ်ရမည့် နေရာတွေမှာ အမှိုက်ပုံးတွေ ထားပေးမယ် ။ အဲဒီအမှိုက်ပုံးကိုလည်း ပုံမှန် သိမ်းဆည်းမယ် ။ အဲဒီလို လုပ်ထားပေးတာတောင်
စည်းကမ်းမဲ့ အမှိုက်ပစ်ရင် သတ်မှတ်တဲ့ ဒဏ်ငွေ ပေးဆောင်ရမယ် ။ အဲဒီ ဥပဒေဆိုတာကလည်း တနိုင်ငံလုံးမှာ ရှိတဲ့ လူအားလုံးလိုက်နာ့ရမည့် ဥပဒေဘဲဖြစ်ရမယ် ။ ဒီလို အဘက်ဘက်က ပြည့်စုံအောင် မဖြည့်စည်းပေးပါဘဲနဲ့တော့ မြန်မာတွေ စည်းကမ်းမရှိလို့ ဒီမိုကရေစီ နဲ့ မထိုက်တန်ဘူးဆိုတဲ့ စကားလုံးတွေ နဲ့ပြောနေတာ ဘယ်သူတွေလဲ ။ ဘာကြောင့်ဒီလိုမျိုးတွေ ပြောနေကြတာလည်း အရှင်းလေးပါဘဲ ။ သူတို့တွေ အာဏာမြဲစေဖို့အတွက် ပြည်သူလူထုကို ဒီမိုကရေစီနဲ့ မထိုက်တန်ပါဘူးလို့ပြော အာဏာရှင်စနစ်ကို ကျင့်သုံးချင်တဲ့လူတွေရဲ့စကားပါ ။

အချို့က ပြောကြပြန်သေးတယ် ။ ၀န်ထမ်းမှန်သမျှ သူခိုး နဲ့ ဒါးမြ ၊ သူတောင်းစား တွေ ဖြစ်ကုန်ပြီတဲ့ ။ ဒီမိုကရေစီ ရရင်တောင်သူတို့ အကျင့်တွေကို ပြောင်းလဲဖို့ မလွယ်ဘူးတဲ့ ။ သေချာစဉ်းစားကြည့် ၊ ဘာကြောင့် ၀န်းထမ်းတွေ အခုလို ဖြစ်ကုန်ရတာလဲ့ ။ရတဲ့ လစာက အခြေခံစား ၀တ်နေရေး အတွက် မလောက်ငတော့ ရရာ နည်းလမ်းတွေ သုံးပြီး ကြံဖန်လာကြတယ် ။ အဲဒါတွေကို အရေးယူမယ့်လူလည်း မရှိဘူး ။ အားပေးမယ့် လူတွေက တော့တပြုံကြီး ။ ဘာဖြစ်လို့လဲ ခေါင်းဆောင်တွေလေ ၊ သူတို့ကိုယ်တိုင်ကိုက တိုင်းပြည်ဘဏ္ဍာ ခိုးဆိုးလုယက်နေမှတော့ ဘယ်သူကို သွားအရေးယူလို့ရမှာလဲ ။ သူခိုးကြီးတွေက သူခိုးလေးတွေကို မြှောက်ပေးတာ သဘာဝလေ ။ လုံလောက်တဲ့ စားနပ်ရိက္ခာပေး ၊ အဲဒါကို မှ လဘ်စားရင် ထိုက်သင့်တဲ့ အပြစ်ပေး အရေးယူရင် ဘယ်သူမှ မဟုတ်တာလုပ်လို့ မရပါဘူး ။ မြန်မာပြည် ဒီမိုကရေစီ နိုင်ငံရောက်အောင် သာ အရင် ချီတက်ပါ ။ အမှန်တရားကို လက်ကိုင်ထားပြီး ပြည်သူလူထု အကျိုးစီးပွားကို ရှေးရှုမဲ့ ပုဂ္ဂိုလ်တွေ က လုပ်ဆောင်ပြသွားပါလိမ့်မယ် ။ အုပ်ချုပ်ရေး အာဏာဆိုတာ ပြည်သူလူထု လက်ထဲကို အပ်နှင်းထားတဲ့ ဒီမိုကရေစီ စနစ်မှာ ပြည်သူလူထုက အဓိကပါ ။ ကျွန်တော်တို့လိုလားတောင့်တ နေတဲ့ အုပ်ချုပ်ရေးကို ကျွန်တော်တို့ ကိုယ်တိုင်ဘဲ ဖန်တီးကြရမှာ ။

အချို့ကပြောကြတယ် ။ မြန်မာလူငယ်တွေ က ပျင်းကုန်ကြပြီတဲ့ ။ အလကား လမ်းပေါ်မှာ အချိန်ဖြုန်းနေကြတယ်တဲ့ ။
ဒါတွေကြားတော့ မနေနိုင်ဘူး ။ ကိုယ့်ဟာကိုဘဲ လိုက်ပြီး သုတေသန လုပ်ကြည့်တယ် ။ အဲဒီလူငယ်တွေကို လိုက်မေးကြည့်လိုက်တယ် ။ တော်တော်များများက ဘွဲ့ရပြီးသားတွေ ။ သူတို့တတွေ အရမ်း အလုပ်လုပ်ချင်ကြတယ် ။ ပြည်တွင်းမှာ အလုပ်မရှိတော့ ပြည်ပကို ထွက်ခွာဖို့ ကြိုးစားနေကြတယ် ။ အဲဒီအခါကြတော့ ဘာပြောကြပြန်လည်း ဆိုတော့ နိုင်ငံခြားကို အထင်ကြီးလွန်း နေတယ်တဲ့ ။
နောက်ထပ်တစ်ခုရှိပါသေးတယ် ၊ လုပ်ချင်ရင် မြန်မာပြည်မှာ အလုပ်မရှားပါဘူး တဲ့ ။ ကောက်စိုက်ပျိုးနှုတ် ၊ တံငါသည် အလုပ်တွေ
ပေါမှပေါတဲ့ ။ ပြည်ပထွက်ပြီး လုပ်စရာ မလိုပါဘူးတဲ့ ၊ ပြည်ပရောက် မြန်မာတွေတောင် ပြန်လာကြဖို့ ဖိတ်ခေါ်နေသေးတယ် ။ ဘယ့်နှယ်ဗျာ အဆင့်အတန်းမှီမှီ အလုပ်အကိုင် အခွင့်အလမ်းတွေ လိုချင်လို့ ပညာသင်ထားပါတယ်ဆိုနေမှ ဒီအလုပ်တွေ လာလုပ်ခိုင်းနေတယ် ။ ဘယ်လို အတွေးအခေါ် ပိုင်ရှင်ကြီးလည်း မသိပါဘူး ။ အဲဒါ မြန်မာပြည်က ၀န်ကြီးချုပ်ရဲ့ စကားတဲ့ ။ ဘယ်လောက်များ အတွေးအခေါ် အောက်တန်းကျလဲ သေချာ စဉ်းစားကြည့်ပါဗျာ ။ အဲဒီလိုလူမျိုးတွေ အုပ်ချုပ်နေမှတော့ ဘယ်လို လုပ်ပြီး တိုင်းပြည်တိုးတက်မှာလဲ ။
ဒို့တိုင်းပြည် နိုင်ငံခြားငွေတွေ သူတို့ ရှာပေးနေတယ် ဆိုပြီး ပြောလာတဲ့ သူတွေလည်းရှိတယ် ။ ထုတ်ကုန်ဆိုတာ နတ္တိ ၊ တိုင်းပြည် သယံဇတ ကို လက်ညိုးထိုး ၊ မတန်တဆ ဈေးနဲ့ ရောင်းတာတော့ ဈေးသည်တွေ တောင် သူတို့ထက်တော့ ပိုနားလည်ပါအုံးမယ်ဗျာ ။
လူငယ်တွေ အတွက် အလုပ်အကိုင် အခွင့်လမ်းတွေတော့ မဖန်တီးပေးထားဘဲနဲ့ လုပ်စရာမရှိတော့ လူငယ်သဘာဝ
ပျော်ချင်ပါးချင်ကြတာ သူတို့ အပြစ်လား ။ အလုပ်အကိုင်တွေ ဖန်တီးမပေးနိုင်တဲ့ လူတွေရဲ့ အပြစ်လား ။ သေသေချာချာ စဉ်းစားကြလိုပါတယ် ။
ကိုယ့်နိုင်ငံက အမှားကို ကောက်စားနေတဲ့ အိမ်နီးချင်းနိုင်ငံတွေ အတွက်ကတော့ သဘောတွေကျပြီး သြဘာတွေ ပေးနေတာ အဟုတ်မှတ်နေကြတုန်းပါဘဲ ။

အချို့ကလည်း ပြောကြပြန်သေးတယ် ၊ မြန်မာလူငယ်တွေက မြန်မာ့ယဉ်ကျေးမှု အမွေကို မထိန်းသိမ်းနိုင်ကြဘူးတဲ့ ။ အဲဒါနဲ့ ဟုတ်မဟုတ် လိုက်ပြီး သူတို့သားသမီးတွေကို လေ့လာကြည့်တယ် ။ ဟုတ်တာဘဲ ။ သူတို့သားသမီးတွေ ၀တ်တာစားတာကို ပြန်ပြောနေကြတာပါလားလို့ အဲဒီအခါကျမှ သိလာရတယ် ။ တက်တော့ နိုက်ကလပ် ၊ ၀တ်တော့စကတ် ၊ သောက်ထားတာက နိုင်ငံခြားဖြစ် အရက် ၊ ကျော်မကောင်းကြားမကောင်းတွေ ဖြစ်ပြန်ဆို လိုက်ကြည့်လိုက် ။ တော်သလင်းဇတ် တွေတောင်ပါသေးတယ် ။ အဲဒီလို သုံးဖြုန်းနိုင်တာ မြန်မာပြည်မှာ ဘယ်သူတွေ ရှိလို့တုန်း ။
သူတို့တွေ ဖွင့်ထားတဲ့ ကုမ္မဏီမှာ အလုပ်လုပ်သွား လျှောက်ကြည့်ပါအုံး ။ ရုပ်မလှရင် အလုပ်မရ ၊ စာရေးမအလုပ်ဘဲဗျာ ရုပ်လှစရာလိုလို့လား ။
ဘယ်ဈေးဝယ်သူမှ အရောင်းစာရေးလှလို့ ဈေးဝယ်တာ မရှိပါဘူး ။ ကုန်ပစ္စည်း ရဲ့ အရေအသွေးနဲ့ ဈေးနှုန်းပေါ်မှာ မူတည်ပြီး ၀ယ်ကြတာ မဟုတ်ဘူးလား ။ သြော် လူသာအိုလာကြလို့ တဏှာတွေ ပြိုရမယ့်အစား တဏှာတွေ ပျိုနေပုံက မော်ဒယ်တွေတောင် ကိုယ်တိုင်ရွေးသတဲ့ ။
သူတို့အသိုင်းအ၀ိုင်းလေး ကြည့်ပြီး ပြောနေကြတော့ လည်း ဟုတ်သလိုလို ဖြစ်နေတာပေါ့ ။ အမျိုးသား ဇတ်ရုံလို နေရာမျိုးမှာတောင် စင်သွင်းပြီး လုပ်စားနေကြတာလည်း သူတို့ အသိုင်းအ၀ိုင်းပါဘဲ ။

တကယ်စာရွက်ပေါ်က ဇယားတွေမှာတော့ မြန်မာနိုင်ငံရဲ့ ချမ်းသာ ကြွယ်ဝနေပုံက ပြောပြလို့ မကုန်စရာပါဘဲ ။ ပညာရှင်အမည်ခံထားတဲ့ လူတွေကလည်း ကြံကြံဖန်ဖန် နည်းပညာပေးတယ် ။ နိုင်ငံတကာမှာ လျှပ်စစ်ကို နည်း အမျိုးမျိုးနဲ့ ထုတ်နေကြတဲ့ အချိန်မှာ မြန်မာပြည်က နွားနဲ့လှည့်ပြီး လျှပ်စစ်ထုတ်မလို့တဲ့ ။ အဲဒီလို အတွေးအခေါ်ကို မြှောက်စားပေးလိုက်ပုံက ဆုတံဆိပ်တွေတောင် ပေးဖို့ ကြံစည်နေပြန်သတဲ့ ။
ဒီကြားထဲ ရူးကြောင်ကြောင်နဲ့အပ်တစ်ချောင်းတောင် မထုတ်နိုင်သေးနဲ့ လူတွေက နူးကလီးလက်နက် ထုတ်လုပ်အုံးမလို့တဲ့ ။ သေချာ ပြန်စမ်းစစ်ကြည့်ကြပါအုံး ။ နာဂစ် မုန်တိုင်း တိုက်ခိုက်မှာကို နိုင်ငံတကာက လူတွေ သိသလို မြန်မာပြည်က မိုးလေ၀သ ပညာရှင်တွေ မသိဘူးလို့ ထင်နေကြရင် မှားမယ် ။ ဘယ်သူသေသေ ငတေမှာရင် ပြီးရော ဆိုတဲ့ စိတ်ဓါတ်တွေက ပြည်သူလူထု အသက်ပေါင်းများစွာ ကို သတ်ပစ်လိုက်ကြတယ် ။ အဲဒီလို ပညာရှင် အမည်ခံ ကိုယ်ကျိုးရှာတဲ့ လူတွေ ရှိနေသမျှလည်း တိုင်းပြည်က ပျက်စီးသထက် ပျက်စီးလာအုံးမှာပါဘဲ ။ တကယ်တော့ သူတို့တွေက လက်နက် မသုံးဘဲ လူတွေကို အလွယ်ဆုံနည်းလမ်း နဲ့ သတ်ပြလိုက်တာ မမေ့စေချင်ဘူးဗျာ ။ မုန်တိုင်းတိုက်လို့ မသေတဲ့လူတွေကို စားနပရိက္ခာ ဖြတ်ပြီး ထပ်သတ်ကြလို့ သေကြတာ နည်းတယ်မှတ်လို့လား ။ သိန်းပေါင်း သောင်းနဲ့ချီပြီး တန်တဲ့ အိမ်တွေ အရောင်းအ၀ယ် အကြောင်းတွေ ရေးသူများသလောက် လှိုင်သာယာမှာ ကြမ်းခင်းမကောင်းလို့ ရေထဲပြုတ်ကျ သေရတဲ့ တကယ့်အဖြစ်မှန်တွေကို ကျတော့ ဘယ်သူမှ အရေးမလုပ်ကြဘူး ။ အိမ်လို့ပြောလို့သာ ယုံရတာပါ ၊ စလေ ဦးပုည တောင် နှိုင်းစရာ စကားလုံးရှာရမလို့ ငိုသွားလောက်တယ် ။ အဲဒီလောက် ဆင်းရဲတဲ့လူတွေ ရှိတဲ့ ရှိတယ်ဆိုတာ ပြောရင် ယုံကြမှာ မဟုတ်ဘူး ။ ကိုကျော်သူက သက်သေ အထောက်အထားနဲ့ သေချာကို ပြသွားတာပါ ။ တကယ်ပါဗျာ ။ ကျွန်တော်တို့ တိုင်းပြည်ကြီး အဘက်ဘက်က ယိုယွင်းပျက်စီးနေပါပြီ ။ ငတ်လို့မသေပါဘူးလို့ ကြွေးကြော်ခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံမှာ ငတ်လို့ သေတဲ့လူတွေ များလာပါပြီ ။ ဒီလူတွေ ဒီအတိုင်းဆက်သွားကြရင်တော့ တကယ့်ကို မတွေးဝံ့စရာပါဗျာ ။

အခု ကျင်းပမည့် ရွေးကောက်ပွဲဆိုတာ ကို တကယ့်ကို ကျွန်တော့်တို့ တိုင်းပြည်နဲ့လူမျိုးအတွက် ဘာအကျိုးကျေးဇူးမှ မရှိပါဘူး ။ အရေခွံလဲပွဲ သက်သက်ပါ ။ ပြည်သူလူထု အားလုံးလည်း သိပြီးသားပါ ။ ဒီရွေးကောက်ပွဲကို ၀င်ပြိုင်တဲ့လူတွေ အားလုံးကို လိုက်မေးကြည့် ၊ ဒီရွေးကောက်ပွဲက တရားမျှတမှု မရှိဘူးဆိုတာ သူတို့အားလုံးသိတယ် ။ တရားမျှတမှု မရှိတဲ့ ဥပဒေကို လက်ခံလိုက်တဲ့လူတွေ ဆိုတာ သူတို့ကိုယ်တိုင် မတရားမှုတွေကို မြတ်နိုးခုံမင်လို့ပါဘဲ ။ အဲဒီလို မတရားမှု ကို မြတ်နိုးတဲ့ သူတွေဟာ သူတို့ ကိုယ်ကျိုးစီးပွား အတွက် တိုင်းပြည်နဲ့ လူမျိုးကို ကောင်းကောင်းဒုက္ခပေးကြလိမ့်မယ်ဆိုတာ မမေ့ကြပါနဲ့။ ဒီလောက် ရှင်းနေတဲ့ အရေခွံလဲပွဲကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD က လက်မခံတာ အပြစ်လား ။ တိုင်းပြည် အကျိုးအတွက် အမှန်တကယ် လုပ်ဆောင်တဲ့လူတွေဆိုရင် အားပေးရမယ် ၊ ပြည်သူလူထု ဆန္ဒနဲ့ ဆန့်ကျင်ပြီး ငါကောင်းစားရေး ၀ါဒသမားတွေ ၊ အာဏာရှင် အလိုကျ ကပြအသုံးတော်ခံတဲ့လူတွေကို ရှုံ့ချတာ အပြစ်လား ။
တိုင်းပြည်နဲ့လူမျိုး အကျိုးကို အမြဲရှေးရှုတဲ့ ခေါင်းဆောင်ဆိုတာ ပြည်သူလူထု အကျိုးများမည့် ကိစ္စတွေမှာ စိတ်အားထက်သန်သလောက်
ပြည်သူလူထု ဒုက္ခရောက်မယ့် ကိစ္စတွေကြရင် ရဲရဲဝင့်ဝင့် အမှန်တရား ကို လက်ကိုင်ထားပြီး စဉ်းစားဆုံးဖြတ်လေ့ရှိတယ် ။

မြန်မာတွေ လူငယ်တွေ ညံ့တယ်လို့ပြောနေကြတဲ့ လူတွေကို တစ်ခုလောက် နှိုင်းယှဉ်ပြချင်ပါသေးတယ် ။ နအဖ က နိုင်ငံခြားရေး ၀န်ကြီးတဲ့ မိန့်ခွန်းပြောတာလေးကို ကြည့်ဖူးကြလား ။ စားလုံးပေါင်းမှား မှာဆိုးလို့ စာရွက်ကို အသဲအသန်ကြည့်ပြီး ပြောနေတဲ့ အချိန်မှာ ၂၁ နှစ်အရွယ်ကောင်မလေးက သူ့ရင်ထဲက အမှန်တရားကို အများရှေ့မှာ ကမ္ဘာသိအောင် ပြောသွားတာ နှိုင်းယှဉ်ကြည့်စေချင်တယ်ဗျာ ။ ကျွန်တော်တို့ မျိုးဆက်သစ်တွေတကယ် မညံ့ပါဘူး ဆိုတာ သက်သေ ပြရမယ့် အချိန်ကိုလည်း ရောက်လာပါပြီ ။ လူငယ်တွေကို နိုင်ငံရေး နဲ့ ဝေးသထက်ဝေး အောင်
အာဏာရှင်တွေ ယုတ်မာစွာ ကြံစည်ကြပေမယ့် ကျွန်တော်တို့တွေ ရင်ဘတ်ထဲမှာ ဒီမိုကရေစီ စနစ်ကို ချစ်မြတ်နိုးတဲ့ စိတ်တွေရှင်သန်နေဆဲ ပါဘဲဆိုတတာကို လက်တွေ့ကျကျ သရုပ်ဖော်ပြ ကြရအောင်လား ။ ဒို့ ဘိုးဘွားတွေ နယ်ချဲ့ လက်အောက် က လွတ်မြောက် အောင် ရုန်းထွက် ပြခဲ့ပြီးပြီ ။ ဒို့ခေတ်မှာတော့ အာဏာရှင်စနစ်ဆိုးအောက် က ရုန်းထွက်ပြကြဖို့ အမြန်ဆုံးလုပ်ဆောင်ကြရမယ် ။ ဒီမိုကရေစီ နဲ့ မထိုက်တန်ပါဘူးလို့ ပြောနေကြတဲ့ လူတွေကို ဒီမိုကရေစီ နိုင်ငံရဲ့ အနှစ်သာရကို ပြကြဖိုက ငါတို့တွေ ကြိုးစားလုပ်ဆောင်ကြဖို့ အတွက် သမိုင်းဝင်မည့် ဒီတိုက်ပွဲမှာ ဒို့လူငယ်တွေ အစွမ်းကို ပြကြပါရင်းနဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီသို့ တွဲလက်တွေ ညီညာစွာ နဲ့ ချီတက်ကြပါစို့ .......။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

သင့်တိုင်းပြည်အတွက် သင်ဘာလုပ်ပေးနိုင်သလဲ

သင့်တိုင်းပြည်အတွက် သင်ဘာလုပ်ပေးနိုင်သလဲ

တိုင်းပြည်တစ်ပြည် အဖက်ဖက်မှ ဖွံ့ဖြိုးတိုးတက်မှုတွင် လူငယ်များ၏ အခန်းဂဏ္ဍသည် လွန်စွာအရေးပါလှသည်။ ယနေ့ ထိုကဲ့သို့ အနာဂတ်မျိုးဆက်သစ်များကို စနစ်တကျ ဖျက်စီးရန် အာဏာရှင်တို့မှ အစွမ်းကုန် အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိတယ်။ ထို့အတူ ကျွန်ူပ်တို့မှလည်း အနာဂတ်မျိုးဆက်သစ်များ ၏ အသိညဏ်ပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမှန်တရားကို မြတ်နိုးတန်ဖိုးထားသည့် လူငယ်မျိုးဆက်များ
ဆက်လက်တည်ရှိနေ ရန် အစွမ်းကုန် ကူညီပေးသင့်သည် ။ အာဏာရှင်တို့ ၏ ယုတ်မာ ပက်စက်မှုကား ပြည်သူလူထု အားလုံးသိပြီးသည့် အတိုင်း
ပြောစရာပင် မလိုတော့ချေ ။ ဒီမိုကရေစီ၏ အဓိပ္ပာယ် နှင့် ရရှိလာမည့် ကောင်းကျိုးများကို ပြည်သူလူထုတိုင်း နားလည်သဘောပေါက်လာ
ကြလျှင် အာဏာရှင်စနစ်ကို ဆန့်ကျင်လိုသည့် စိတ်ဓါတ်များ အလိုလိုပေါက်ဖွားရှင်သန်လာမည် ဖြစ်သည် ။
ဤနေရာတွင် အဓိကပြောလိုသည်မှာ ပထမဦးစွာ လူငယ်မျိုးဆက်သစ်များကို လမ်းမှန်ပြပေးနိုင်ရန် လွန် စွာ အရေးကြီး ၏ ။
၎-၉-၁၀ ည က ဖြစ်ပွားခဲ့သော ကိစ္စမျိုးတွင်လူငယ်များ ၏ အသက်ကို တန်ဖိုးမထားဘဲ ထင်ရာ စိုင်းလိုက်ကြသည့် လူတစ်စုကြောင့်
အပြစ်မဲ့ ပြည်သူလူထု သွေး မြေကျခဲ့ရပြန်လေပြီ ။ ထိုကိစ္စသည် သာမန်အနေအထားဖြင့် ကြည့်လျှင် ရန်ဖြစ်ရာမှ စသည်ဟု ဆိုသော်လည်း ပုဂ္ဂိုလ်ရေး ပြဿနာများတွင် လက်နက်ကိုင်ကာ ဖြေရှင်းနိုင်သည့် တိရစ္ဆာန်စိတ်ပေါက်နေကြသော လူများကြောင့် ပြည်သူလူထု ၏ အသက်အိုးအိမ် စည်းစိမ် အတွက် လုံခြုံမှု မရှိဟု ပြည်သူလူထု တရပ်လုံး နားလည် သဘောပေါက်သင့်သည် ။
ပြည်သူလူထု ဘ၀ အသက်အိုးအိမ် စည်းစိမ်ချမ်းသာ ကို တိုက်ရိုက်ထိပါးတာကို ပြည်သူတွေက လက်ပိုက်ကြည့်နေလိုက်ရင် နောင်ဆို
ဒီထက် ဆိုးတဲ့ အဖြစ်အပျက်မျိုးတွေ ကြုံတွေ့လာကြမှာ မုချဧကန်ပါဘဲ ။
အာဇာနည်တို့သွေး ၊ ပြည်သူလူထု၏ သွေး ၊ ရဟန်းသံဃာများ၏ သွေး၊ ကျောင်းသားများ၏ သွေး ၊ သွေးမျိုးစုံလည်း မြန်မာမြေကြီးပေါ်မှာ ကျခဲ့ရလေပြီ။
နောင်ထိုသို့ သွေးမြေကျ စတေးခံ ဘ၀တွေကို မလိုလား ကြရင်တော့ အခုချိန်မှာ ပေါင်းစည်းညီညွှတ်ရေး ကို အထူးကြိုးစားကြမှ ဖြစ်မယ် ။

ကျွန်ူပ်တို့ အနေဖြင့် ယခုချိန်တွင် ပြည်သူဆန္ဒမျာကို ရဲဝင့်စွာ ဖော်ထုတ်သင့်သည် ဟု ထင်မြင်ယူဆမိလေသည် ။ ထိုသို့ ဆန္ဒဖောက်ထုတ် ရာတွင် စုစည်းမှု သည် အရေးကြီးသည် ။ တနိုင်ငံလုံး အတိုင်းအတာဖြင့်ဆောင်ရွက် ပိုမိုထိရောက်မည် ဖြစ်သည် ။ ထိုသို့ တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်လိုလျှင် ပထမ ဦးစွာ ပြည်သူများအား သတင်းအချက် ပြည့်စုံစွာ ဖြန့်ဖြုးပေးနိုင်ရမည် ။ ထိုသို့ သတင်းအချက်အလက် ပြည့်စုံစွာ ဖြန့်ဖြူးရန် ပြည်တွင်းမှ လူများသည် အဓိက ကျသည် ။ အထူးသဖြင့် လူငယ်များကို ပြုစုပျိုးထောင်ကာ တိုင်းပြည်အခြေအနေမှန်ကို သိရှိလာအောင်
အမြန်ဆုံး ၀ိုင်းဝန်း ကြိုးစားသင့်ပေသည် ။ တိုင်းပြည်အတွက် အရေးပေါ်တာဝန်ကို ထမ်းဆောင် ရန် လူငယ်မျိုးဆက်သစ်များ အားထားကြရမည်ဖြစ်၍
ယနေ့ တိုင်းပြည်ကို အလွန်ချစ်မြတ်နိုးသည့် လူငယ်မျိုးဆက်တခု အား အောက်ပါမေးခွန်းများကို ကိုယ်တိုင် ဖြေကြား၍ မိမိတို့ သိလိုသော အချက်အလက်နှင့် သဘောထား အမြင်များကို ၀င်ရောက်ဆွေးနွေးပေးကြရန် ကျွန်ူပ်မှ လေးစားစွာ ဖိတ်ကြားအပ်ပါသည် ။ ထို့အတူ နိုင်ငံ အကျိုးသယ်ပိုးလိုသော မြန်မာနိုင်ငံသားများ အားလုံးကိုလည်း နိုင်ရာတာဝန်များ ထမ်းဆောင်ပေးကြရန် အထူးပင် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည် ။
လူတိုင်းတွင် အားနည်းချက် ၊ အားသာချက် တို့ ရှိကြသည်မှာ လောက ဓမ္မတာပင်ဖြစ်သည် ။ မိမိတို့ အကျွမ်းကျင်ဆုံးနှင့် စိတ်အား အထက်သန်ဆုံးသော
ကဏ္ဍများတွင် ၀င်ရောက် လုပ်ကိုင်ကြပါက ပိုမိုထိရောက်မည် မှာ မလွဲဧကန်ပင်ဖြစ်ပါသည် ။

ပြည်သူလူထု ဆိုတာ နိုင်ငံတိုင်းမှာ အင်အား အကြီးဆုံးအဖွဲ့အစည်းပါဘဲ ။ တိုင်းပြည်တပြည် ပြုပြင်ပြောင်းလဲရေးဆိုတာ ပြည်သူလူထုပေါ်မှာ ဘဲ
မူတည်နေတာပါ ။ လူထုအားကို ကျော်လွှားနိုင်တဲ့ အာဏာရှင်ဆိုတာ သမိုင်းမှာ မရှိခဲ့ပါဘူး ။ အားလုံးဝိုင်းဝန်းကြိုးစားမယ်ဆိုရင် ကျွန်ူပ်တို့ တိုင်းပြည်အနာဂတ်မှာ အခုလို ဒုက္ခဆိုးမျိုးတွေကို နောက်ထပ် ကြုံတွေ့လာစရာ အကြောင်းမရှိပါဘူး ။


၁ ) ယနေ့ပြည်သူလူထု ကြီးစွာသော ဒုက္ခဆိုးများကို ခါးသီးစွာ ခံစားနေရသည်မှာ အာဏာရှင်လူတစ်စုကြောင့်ပါဟုဆိုလျှင် ထိုအာဏာရှင် လူတစ်စုကို ဖယ်ရှားရန် သင့်တွင်ကော တာဝန်ရှိသည်ဟု ထင်မြင်ယူဆမိပါသလား။

၂ ) တာဝန်ရှိသည်ဟု ထင်မြင်ယူဆခဲ့လျှင် မည်သည့်တာဝန်ကို သင်ယူနိုင်ပါတယ်လို့ စဉ်းစားကြည့်ဖူးပါသလား ။

၃ ) သင်ယူနိုင်မည့် တာဝန်အား လက်တွေ့ကျကျ အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ဖူးပါသလား ။

၎ ) တိုင်းပြည်နဲ့ ဖွံ့ဖြိုးတက်မှုဟာ အနာဂတ်မျိုးဆက် လူငယ်များ အပေါ်မှာ မူတည်ပါတယ်ဆိုတာ သင်လက်ခံယုံကြည်ထားလျှင်
ထို အနာဂတ် မျိုးဆက်သစ်များ ယနေ့ လုပ်ဆောင်ရမည့် တာဝန်များကို သင်လမ်းပြခဲ့ဘူးပါသလား ။

သင်သည် လည်းတိုင်းပြည်ကို ချစ်သော ကြောင့် သင်နိုင်ရာတာဝန်ထမ်းဆောင် လိမ့်မည် ကျွန်ူပ်သင့်ကို ယုံကြည်ပါသည် ။


အထိရောက်ဆုံး လက်တွေ့လုပ်ဆောင်နိုင်မည့် နည်းလမ်းများကို ပြည်သူလူထု အနေနဲ့ အမြန်ဆုံးသိရှိ လိုက်နာ ဆောင်ရွက်နိုင်ရန်

နိုင်ငံရေးပညာရှင်များ အားလုံးနှင့် တိုင်းပြည်အကျိုးကို သယ်ပိုးဆောင်ရွက်လိုသူ မြန်မာနိုင်ငံသား အားလုံးကို ၀င်ရောက်ဆွေးနွေး အကြံပေးကြပါရန်

လေးစားစွာ ဖိတ်ကြားအပ်ပါသည် ။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

တိုက်ပွဲသာ ၀င်လိုက်ကြပါစို့

တိုက်ပွဲသာ ၀င်လိုက်ကြပါစို့

၈၈၈၈ ကို အကြောင်းပြု
ညီညာစွာ ပေါင်းစုလို့ပြခဲ့ပြီးပြီ
လူပင်လယ် နဲ့ သွေးကွက် အိုင်
သေနတ်ကိုင်ထား တဲ့ စစ်တပ်
အသိညဏ်ဗလာ ဖြူခါကျအောင်
မွဲနေတဲ့ စိတ်ဓါတ်တွေနဲ့ ရိုင်းပြစွာဆက်ဆံခဲ့တာ
တွေးချင်စရာ မရှိပါဘူး .....။
ကျောင်းသားတွေ သွေးမြေကျခဲ့တယ် ၊
လူတွေကို သတ်ပြခဲ့တယ် ၊
သံဃာတွေကို ဦးခေါင်းကို ရိုက်ခွဲခဲ့တယ် ။
ဒါတွေကို အတိတ်မှာ ထားခဲ့ပြီး
သူတို့တတွေ
ကြိုးဆွဲရာ ကကြမှာလား............. ။

ပါတီကို အကြောင်းပြု လူတစ်စုကလည်း
ကြွေးကြော်နေကြပြန်တယ်
ဒီလမ်းအမှန် ဒီမိုကရေစီကို ချဉ်းကပ်ပြန်သတဲ့ ။
ညဏ်မပါ ပလီပလာ အတတ်တွေနဲ့
ရီစရာ အတော်ပြောတတ်တယ်
ငါလည်းလေ လောကီသားပေမို့
ပွင့်လင်းစွာ ရှင်းရတော့
မြွေဆိုတာ အရေခွံလည်းပေမယ့်
သူ့အဆိပ်က သတ္တ၀ါတွေ သေကြေစမြဲ သာပ
ဖွေရှာကာ တွေးကြပါတော့ ----။

ငါတို့ အမျိုးတွေ သူခိုးတွေ ချည်းပါဘဲလို့
ကြွေးကြော်လို့ မာန်ဝင့် ချင်စရာ
ယူနီဖောင်းနဲ့ သူတောင်းစားတွေ
တောင်းစားနေကြ နေရာတကာ
သဒ္ဒါသလောက် ပေးခဲ့ကြပါတဲ့
သြော် မြန်မာပြည်ရယ် ဂုဏ်ယူစရာ
ကောင်းလိုက်ပုံက နေရာတကာ
သူတောင်းစားတွေ ချည်းပါဘဲ ...........။

သူရဲကောင်း တံဆိပ်တွေ ရင်မှာ ချိတ်ပြီး
သေနတ်တွေ ခါးမှာ ထိုးထားပေမယ့်
ကြောက်စိတ်တွေ ကတော့ သြချလောက်ပါပေတယ် ။
မိန်းမတစ်ယောက်ကို ရန်ရှာကာ ချုပ်ချင်တော့
အတင်းတွေ လည်ကာ တုတ်တာဖြင့်
မကြားဝံ့မနာသာ
အရှက်တရား ရယ် ကုန်ခမ်းနေပုံက
နှိုင်းစရာတောင် အတော်ရှားတာပ
စိတ်ပျက်ဖွယ်ရာ ............။

သာသနာတော် လှည့်ကာတွေးရင်လည်း
သုံးနှစ်သာ ကြာသေးတာပ
ပခုက္ကူမှာ အခြေပြုလို့ လူ့မိစ္ဆာ လူတစ်စု
အမျိုးဖျက်မည့် အကြံနှင့် ထိုးနှက်မည်ကြံလာ ကြသည် ။
ထိုအခါဝယ် ပြည်သူအပေါင်းတို့
ကြပ်တည်းလို့ ကျဉ်းမြောင်းလာ
ဝမ်းစာအရေး ပင် ခက်နေသေးတာရယ်ကြောင့်
ဒကာတွေ ပြေလည်စေ ကြောင်းသာပ
သံဃာတွေ ခြေညောင်းခံကာ
လှည့်လည်လို့ မေတ္တာပွားတယ်
မြန်မာပြည် သာသနာ လွှမ်းလိုက်ပုံက မေတ္တာသုတ်ရွတ်တာ
ရှင်ရဟန်း မဟုတ်ပါဘူးတဲ့ ဖမ်းချုပ်ကြတာ ........။

သြော်... တကယ်ပါလေ ဆက်ကာ မရေးချင်ဘူး
ဤမြေမှာလေ တက်ကာ ကြွေးကြော်လိုက်ချင်တာက
တမျိုးသားလုံး အတွက်
ပေးဆပ်စရာ တကယ်များတာဘဲ
တွဲလက်ကယ် ညီညာစွာဖြင့်
တူပျော်စွာ ချီတက်ကြမယ်
ရရာ လက်နက်ကိုင်ကာ စွဲလို့
တိုက်ပွဲသာ ၀င်လိုက်ကြပါစို့............။

ခင်မင်လေးစားလျှက်
ဗမာ့သွေး

လူထုအားကို အများကြီးလိုသည်

လူထုအားကို အများကြီးလိုသည်

မြန်မာနိုင်ငံသူ နိုင်ငံသား အပေါင်းတို့ခင်ဗျာ
ကျွန်ူပ်တို့ တိုင်းပြည်မှာ အာဏာရှင် အစိုးရမတရားဖမ်းဆီးချုပ်နှောင်ထားလို့ အကျဉ်းသားဖြစ်နေရတဲ့ မြန်မာနိုင်ငံအကျဉ်းသားတွေကို
ကျွန်တော်တို့ တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးကြမယ်ဆိုရင် ထောင်ထဲမှာ သူတို့ခံစားနေရတဲ့ ဒုက္ခလေးတွေ
နည်းနည်းသက်သာ သွားမယ်လို့ထင်တယ်။
ပွင့်ပွင့်လင်းလင်းပြောရရင်တော့ သူတို့ကို ကူညီထောက်ပံ့ပေးကြပါလို့ ပြောချင်တာပါဘဲ ။
ကျွန်တော်ဆိုလိုတာက ငွေကြေးဥစ္စာ ဓနထက် သူတို့ကို ပြည်သူတွေဟာ သူရဲကောင်းတွေလို့
ထင်နေတုန်းပါဆိုတာကို ပြည်သူလူထု တရပ်လုံးသိစေချင်တာဘဲ ။ ပြည်သူလူထုဘ၀ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ပြည်သူ့ဘက်တော်သားတွေ ကို ကျွန်တော့်တို့ပြည်သူတွေ အမြဲသတိရနေပါတယ် ။ သူရဲကောင်းတို့အပြန်လမ်းကို စောင့်မျှော်နေကြတုန်းပါဆိုတာလေးကို သူတို့တွေများ သိခဲ့ကြရင်ဘယ်လောက်များ အားတက်ကြမလဲ ၊ စဉ်းစားသာ ကြည့်ကြပေတော့ ။
ကျွန်တော်တို့ ကူညီထောက်ပံ့လိုက်တာဟာ သူတို့ကြခဲ့ရတဲ့ သွေးချွေးတစက်စာတောင်မရှိပါဘူး ။

နိုင်ငံရေး အကျဉ်းသားတွေလိုဘဲ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ဟာလည်း မိဘဆွေမျိုးအသိုင်းအ၀ိုင်းတွေ ရဲ့ သာရေးနာရေးကိစ္စ အကုန်ဆုံးရှုံး ကြရတာပါဘဲ ။ ကျွန်တော်တို့လည်း ၀င်ငွေကောင်းတာ တခုကလွဲရင် နေချင်စရာ တစက်မှ မရှိပါဘူး ။ လက်ရှိအာဏာရှင်စနစ်ဆိုးကြောင့် နိုင်ငံတကာမှာ
မြန်မာလူမျိုးဆိုတာ အနှိမ်ခံလူမျိုးဖြစ်နေကြရတာလည်း အားလုံးအသိဘဲ ။ ဒို့တိုင်းပြည်ထဲ မှာဘဲ နေပြီး မိသားစုနဲ့ အိုးမကွာအိမ်မကွာ နေထိုင်ချင်ကြတယ်ဆိုရင် ဒီမိုကရေစီ မြန်မြန်ရအောင်လုပ်ဖို့ဘဲရှိတယ်။ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ကိုယ်တိုင်လူအားစိုက် ပြီး ကူညီနိုင်ကြဖို့ သိပ်မလွယ်ကူလှဘူး ။ အဲဒီတော့ ကိုယ်တတ်နိုင်တဲ့ ငွေအားကို များများစိုက်ပြီး ကူညီပေးကြပါလို့ တိုက်တွန်းလိုပါတယ်။

ပထမဆုံးအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကို အရင်ဆုံးကူညီမယ်။ ရရှိလာတဲ့ ပမာဏကို ကြည့်ပြီး သူတို့မိသားစု ၀င်တွေကို ပါ ဆက်လက်ကူညီထောက်ပံ့ပေးကြမယ် ။ နောက်ပြီးတော့ အခုလက်ရှိ နိုင်ငံ့အကျိုးတကယ်သယ်ပိုးနေတဲ့လူတွေကို ထိထိရောက်ရောက် ကူညီပေးသွားကြမယ်။ ဒါမှသာ နောင်လာမည့် သူရဲကောင်းမျိုးဆက်သစ်တွေ ကို ထပ်မံမွေးထုတ်နိုင်မှာ ဖြစ်တယ်။ သူရဲကောင်းဆိုတာ ပြည်သူလူထု ရင်ထဲမှာ အမြဲရှိပြီး လူထုက ကြည်ညိုလေးစား ကြတာပါလားဆိုတာ နောင်လာမည့်မျိုးဆက်သစ်တွေကို သိစေချင်တယ်။ တိုင်းပြည်အကျိုးသယ်ပိုးဆောင်ရွက်လို့ ထောင်ထဲရောက်တာ လူထုက သူရဲကောင်းဘွဲ့တံဆိပ် ခပ်နှိပ်ပေးလိုက်တာနဲ့ တူတူပါဘဲ ။ နိုင်ငံအကျိုးသယ်ပိုးတာကို အာဏာရှင်အစိုးရဘက်ကကြည့်ရင် ပုန်ကန်သူလို့ ထင်မှတ်ပေမယ့် ပြည်သူလူထုဘက်ကတော့ သူရဲကောင်းလို့ထင်မှတ်နေတာ ဘယ်တော့မှ မဖောက်ပြန်တဲ့ အမှန်တရားတစ်ခုပါဘဲ။
ဘယ်သူဘဲ ဖြစ်ဖြစ်ပြည်သူလူကောင်းစားရေးကို အနစ်နာခံလုပ်ဆောင် နေတဲ့သူတိုင်းဟာ သူရဲကောင်းတွေဘဲ။ အာဏာရှင်တွေနဲ့ပေါင်းပြီး ပြည်သူလူထုကို တပါတ်ရိုက်ရင်တော့ ပြည်သူရန်သူဘဲဆိုတာ ကို သေသေချာချာမှတ်ထားကြပါ ။

အခုလိုသာ ပြည်သူလူထု တရပ်လုံးက ကူညီထောက်ပံ့ပေးထားမယ်ဆို ရင် တော့အာဏာရှင်အစိုးရလည်း တုန်လှုပ်ခြောက်ခြားသွားမှာ အမှန်ပါဘဲ။
ခေါင်းဆောင်ကောင်းတွေ ရှိတုန်း ရုန်းထားနိုင်ကြမှ သာ တော်ကာကြမယ် ။ သူတို့လို သတ္တိရှိပြီး ကိုယ်ကျိုးစွှန့် အနစ်နာခံနိုင်တဲ့သူတွေ ရှိနေတုန်းလေး
အင်အားစိုက်ပြီး ရုန်းလိုက်ကြ ပါ ။သူတို့တွေက ပြည်သူတွေ လှမ်းလျှောက်ဖို့ ဒီမိုကရေစီလမ်းဖောက်နေကြတာ ။ ပြည်သူတွေကသာ အင်တိုက်အားတိုက်ကူညီကြရင် ဒီလမ်းကြီး အမြန်ပြီးစီးပြီး လိုရာခရီး အမြန်ရောက်နိုင်ကြလိမ့်မယ်။ ဒီမိုကရေစီလမ်းကြီး ဘယ်လောက်ကောင်းဆိုတာတော့ နိုင်ငံတကာမှာ ရောက်နေပြီး ဒီမိုကရေစီလမ်းပေါ်လျှောက်နေကြတဲ့သူတွေသာ ကိုယ်တွေ့မေးကြည့်ကြပေတော့။
ကိုယ်နိုင်ရာတာဝန်ကို ငွေအားလူအား နဲ့ ပါဝင်ကူညီနိုင်မှသာ လျှင် ကျွန်ူပ်တို့လိုလားတောင့်တနေတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီး ကို အမြန်ဆုံး ပြန်လည်တည်ထောင်နိုင်မှာ ဖြစ်တယ် ဆိုတာသေသေချာချာ စိတ်ထဲမှာ ထည့်ထားပေးကြပါ။

ဒီစာကို မိတ်ဆွေတို့ ဖတ်ရတဲ့အချိန်မှာ မိတ်ဆွေတို့နဲ့ နီးစပ်ရာ စုံစမ်းပြီး အမြန်ဆုံးကိုယ်တိုင်ပါဝင် ကူညီကြပါလို့ လေစားစွာ တိုက်တွန်းနိုးဆော်လိုက်ပါတယ်။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

တိုင်းပြည်ကို တကယ်ချစ်ကြရဲ့လား

တိုင်းပြည်ကို တကယ်ချစ်ကြရဲ့လား



ဒီနေ့ကျွန်တော် တို့မြန်မာနိုင်ငံသား တွေ ငါတို့ တိုင်းပြည်ကို တကယ်ချစ်ရဲ့လား ဆိုတဲ့ အရိုးရှင်းဆုံး မေးခွန်းလေးကို ကို ကိုယ်ဟာကိုယ်ဘဲ ပြန်မေးစေချင်ပါတယ် ။ ပြည်သူလူထုသာ တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင် ဒီနေ့ချိန်ခါဟာ မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး အပြောင်းအလဲ တစ်ခု ဖြစ်နိုင်တဲ့ အနေအထားပါ ။ အာဏာရှင် စနစ်ဆိုးရဲ့ ယုတ်မာပက်စက်တဲ့ အကြံဆိုးနဲ့ တိုင်းပြည်ကို အမျိုးမျိး ဖျက်စီးနေကြတယ် ဆိုတာ အားလုံးလည်း သိနေကြတာပါဘဲ ။ ပြည်သူလူထု တရပ်လုံးက မကြေနပ်ဘူးဆိုတာ လည်း သိပြီးသားပါ ။
အချို့လူတွေကြတော့လည်း နှစ်ပေါင်းများစွာ ကိုယ်ကြိုးစွှန့် အနစ်နာခံခဲ့သူတွေကို ပြစ်တင်ပြောဆို လာကြတယ် ။ ဒါဟာ မတရားဘူး လို့ကျွန်တော်ယူဆတယ် ၊ သူတို့တွေ လမ်းပြခဲ့ကြတယ် ၊ ရှေ့ဆုံးက ဦးဆောင် ချီတက်ခဲ့ကြတယ် ။ ကျေးဇူးတရားကို မမေ့ကြပါနဲ့ ။
နိုင်ရာတာဝန်တောင် မထမ်းချင်ကြတဲ့ ပြည်သူလူထု အနေနဲ့လည်း တာဝန်ရှိတယ်လို့ ကျွန်တော် ယူဆပါတယ်။
ဒါပေမယ့် အာဏာရှင်စနစ်ရဲ့ မကောင်းကြောင်းကို ပါးစပ်ဖျားက ညီးညူ ၊ အချင်းချင်းဆုံရင် ရင်ဖွင့်ပြ နေကြရုံနဲ့တော့ ဘယ်တော့မှ ဒီစနစ်ဆိုးရဲ့ အောက်က လွတ်မြောက်လာမှာ မဟုတ်ပါဘူးဆိုတာ မြဲမြဲ မှတ်ထားပါ ။တိုင်းပြည်ကို တကယ်ချစ်ကြတယ်ဆိုရင် ကိုယ်တိုင် လက်တွေ့လုပ်ဆောင်ကြရမည့် တာဝန်တွေ အများကြီး ရှိပါတယ် ။ တိုင်းပြည်ကို တကယ်ချစ်တယ် ၊ တိုင်းပြည်အတွက် နိုင်ရာ တာဝန် ထမ်းချင်ကြတယ် ဆိုတဲ့လူတွေ များလာရင် အာဏာရှင်စနစ်ဆိုးအောက်ကနေ မကြာခင်ရုန်းထွက်နိုင်တယ်ဆိုတာ ပြည်သူလူထု အနေနဲ့ စွဲမြဲစွာ ယုံကြည်စေချင်တယ် ။
အဲဒီတော့ ဘယ်လိုတာဝန်တွေ ယူကြရမလဲဆိုတာ ပြည်သူလူထု အနေနဲ့ မေးစရာ ရှိလာတယ် ။
အဲဒီမေးခွန်းကို ဖြေရမယ်ဆိုရင် ငါတို့ဘယ်လို တာဝန်မျိုးထိ ယူနိုင်ကြလဲ ။ ငါတို့ ဘယ်လို တာဝန်မျိုးနဲ့ သင့်တော်လည်း သေချာ စဉ်းစားကြည့်စေချင်တယ် ။
အချို့ အာဏာရှင်တွေကို ဆန့်ကျင်တဲ့ နေရာမှာ အရမ်းစိတ်အား ထက်သန်ကြတယ် ။ အဲဒီလို လူမျိုးတွေက လမ်းပေါ်ကို ချီတက်ဆန္ဒပြကြဖို့တောင်
ဝန်မလေးပါဘူး ။ အမှန်တရား အတွက် တိုက်ပွဲဝင်ဖို့ အတွက် အမြဲအသင့်ရှိနေတဲ့သူတွေ ။ သူတို့ကိုတော့ ပြည်တွင်း တက်ကြွ အင်အားစု လို့ သတ်မှတ်ထားကြရမှာပါ ။

ပြည်တွင်းတက်ကြွ အင်အားစုလို ကိုယ်တိုင်စိတ်အား ထက်သန်ပေမယ့် မြန်မာပြည်တွင်းမှာ မဟုတ်တဲ့ အတွက်
ပြည်သူလူထုအနဲ့ အတူ ဆန္ဒပြခွင့် မရကြပေမယ့် အခါအခွင့်သင့်တိုင်း နိုင်ငံတကာမှာ လက်ရှိအာဏာ ရှင်စနစ်ဆိုးရဲ့ ဆိုးရွားယုတ်မာမှုကို ထုတ်ဖော် ဆန္ဒပြကြသလို့ တဖက်ကလည်း ပြည်တွင်းအင်အားစု လိုအပ်ချက်တွေကို ကူညီထောက်ပံ့နေတဲ့သူတွေကို ပြည်ပ တက်ကြွ အင်အားစု အဖြစ် သတ်မှတ်ထားကြရမှာပါ ။

အချို့ကကြတော့ စိတ်အားထက်သန်ကြပါတယ် ။ ဒါပေမယ့် ငဲ့ကွက် စရာ အကြောင်းတွေ ရှိတာကြောင့် တက်ကြွအင်အားစုလို ရှေ့တန်းက မလုပ်ပြကြပေမယ့် ကူညီထောက်ပံ့ပေးဖို့ ၀န် မလေး ကြသူတွေ ။
အချို့ကတော့ ကိုယ်တိုင်လည်း လမ်းပေါ်ထွက် ဆန္ဒပြရဲလောက်အောင် အားမသန် ၊ ကူညီထောက်ပံ့ပေးဖို့ကလည်း မတတ်နိုင် တဲ့လူတွေက သတင်းဖြန့်ဖြူးပေး နိုင်ပါတယ် ။အထက်ဖော်ပြပါ လူအုပ်စု သုံးခုကို များများချီးကြူး ပြောဆိုပေးလို့ရသလို အာဏာရှင်စနစ်ရဲ့ ဆိုးရွားယုတ်မာပုံတွေကို အခါအခွင့်သင့်တိုင်း ပြည်သူလူထု ပိုမိုသိရှိနားလည် လာအောင် ပြောဆိုပေးလို့ရပါတယ် ။
အဲဒီ အုပ်စုလေးခု ထဲမှာ ကိုယ်က ဘယ်လို အုပ်စုမျိုးထဲကလူလဲ အရင် ပြန်စမ်းစစ်ကြည့်သင့်ပါတယ် ။ အဲဒီအုပ်စု လေးခုထဲ က တာဝန်မျိုးတွေကို တစ်ခုမှ မယူနိုင်ဘူးဆိုရင်တော့ ငါဟာ အခုချိန် တိုင်းပြည်ကို တကယ်ချစ်တဲ့သူ မဟုတ်ဘူးလို့သာ မှတ်ချက်ချပြီး ကိုယ့်ဟာကို ပြင်နိုင်အောင် အမြန်ဆုံး ကြိုးစားကြပါ လို့ ပထမဦးစွာ တိုက်တွန်းပြောကြားလိုပါတယ်။

တိုင်းပြည်ကို တိုးတက်ထွန်းကားစေချင်သူတွေ ရှိသလို အာဏာရှင်ဝါဒ ဆက်လက်တည်မြဲအောင် ထောက်ပံ့ပေးမယ့်သူတွေလည်း အများကြီးရှိတာပါဘဲ။
ဘယ်လိုလူမျိုးတွေလည်း ဆိုတော့ ........
လက်ရှိမှာ ရာထူးကောင်းကောင်း ရပြီး ဒီစနစ်ကြီးကို ခိုင်မြဲအောင် ကြိုးစားနေကြနေကြတဲ့ အာဏာရှင်လူတစ်စု
လက်ရှိအာဏာရှင် တွေနဲ့ပူးပေါင်းကြံစည် ပြီး ကြီးပွားချမ်းသာနေကြတဲ့ လူတွေ နဲ့ ကြီးပွားချမ်းသာ ဖို့ ခွင်ဖန်နေကြတဲ့လူတွေ
ပြည်ပမှာ ဒီမိုကရေစီ ကို အကြောင်းပြ ပြည်တွင်းလုပ်ရှားမှုကို ထောက်ပံ့ပေးနေတဲ့ နိုင်ငံတကာက ထောက်ပံ့ပေးနေတဲ့ ရန်ပုံငွေ မှန်သမျှကို သူတို့ကိုယ်ကြိုးအတွက် အသုံးချနေကြတဲ့သူတွေ ။
အာဏာရှင်တွေ ပေးကမ်းထောက်ပံ့ကြေး ယူ ၊ ၀မ်းစာအတွက် အခက်အခဲကို အလွယ်တကူ ဖြေရှင်းလို့ ရသမျှ အာဏာရှင်တွေ ကြိုးဆွဲရာ ကကြမယ့်
ကြံဖွတ်တို့ စွမ်းအားရှင်တို့လို လူတစ်စု ။
သူတို့တတွေက လည်း အာဏာရှင်စနစ်ဆိုး တည်မြဲစေရေး အတွက် အစွမ်းကုန် ကြိုးစားကြ ပါလိမ့်မယ်။

အဲဒီ အုပ်စု နှစ်ခု ကြားထဲမှာ ကြားနေ၀ါဒလို့ ကိုယ့်ဟာကို ကြွေးကြော်ပြီး ကိုယ်တိုင်ဒုက္ခ မခံစားရသေးသရွှေ့ နေသာသလို နေမယ်ဆိုတဲ့ ပြည်သူလူထုက လည်း ရှိပါသေးတယ် ။ သူတို့တွေလက်သုံးစကားကတော့ ကိုယ်လုပ်မှ ကိုယ်စားရမှာ ၊ နိုင်ငံရေး ကိုဝေးဝေးရှောင်တာ အန္တရယ်ကင်းတယ်ဆိုတဲ့ အတွေးခေါ်ကို သိမ်းပိုက်ထားကြပါတယ် ။ အာဏာရှင်စနစ်ဆိုးကို မဆန့်ကျင်ဘဲ နေတာဟ
သွယ်ဝိုက်သော အားဖြင့် ထောက်ခံအားပေးနေတယ်ဆိုတာ ကို သူတို့တွေ မသိရှိကြပါဘူး ။
အစိုးရ၀န်ထမ်း တွေနဲ့ တပ်မတော်သားတွေ ဆိုတာက အာဏာရှင်ယန္တရားကို လှည့်ပတ်မောင်းနှင်ပေးနေကြတဲ့သူတွေပါ ။
အထက်အမိန့်ဆိုတာ ကို မလွန်ဆန်နိုင်လို့ သာ သည်းခံနေကြရတာပါ ။ သူတို့တွေရဲ့ ဘ၀ဟာ လည်း ပြည်သူလူထုနဲ့ ထူးမခြားနားပါဘဲ ။

အခုလို နှစ်ပေါင်းများစွာ အာဏာရှင်စနစ်ဆိုးရဲ့ ဆိုးဝါးယုတ်မာမှု မှန်သမျှကို ရင်စည်းခံနေကြရတာဟာ တိုင်းပြည်ကို တကယ်ချစ်တဲ့လူ အရေအတွက်
ထက် ကြားနေ၀ါဒနဲ့ အာဏာရှင်စနစ်ဆိုးကို ဆက်လက်တည်မြဲစေချင်တဲ့ လူအရေအတွက် များနေလို့ပါ ။ အဲဒီတော့ တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင် ကျွန်တော် ပြောခဲ့တိုင်းပြည်ချစ်တဲ့ အုပ်စု လေးခုထဲမှာ ပါဝင်နိုင်အောင် အရင်ကြိုးစားကြည့်ပါ ။

နေရာတကာ ငါသာလျှင် ပဓါန ၊ ငါသာလျှင် အဓိက ၊ ငါ သိ တယ် ငါ တတ်တယ် ဆိုတဲ့ စကားတွေကို လှိုင်လှိုင်သုံး ၊ကိုယ်ကျိုးအတ္တတွေကို ရှေ့တန်းတင် ပြီး ကိုယ့် အမှားကို ဖုံးကွယ်ထားကြတယ် ။ အမှားတွေ အများကြီးလုပ်ခဲ့ကြတယ် ဆိုတာလည်း အားလုံးအသိပါဘဲ
အချိ့ကြတော့လည်း မှားနေတာ သိတယ် ။ သိနေလျှက်နဲ့ မပြင်ခဲ့ကြဘူး ။ ပြင်ရမှာ တွန့်ဆုတ်နေကြတယ် ၀န်လေးနေကြတယ် ။ ငါဆိုတဲ့ အတ္တကိုရှေ့တန်း တင် ၊ ဦးထိပ်ထား ခဲ့ကြလို့ စစ်မှန်တဲ့ စည်းလုံးညီညွှတ်ရေးကို မဖော်ဆောင်နိုင်ခဲ့ကြဘူး။
လုပ်ရှားသူတွေ ကြားမှာ လုပ်စားနေသူတွေက များလာတော့ ဒီအဆင့်ကကို မတတ်နိုင်ကြဘူး ။ အပွင့်လင်းဆုံး ပြောပြမယ် နိုင်ငံရေးကို ဗန်းပြ လုပ်စားနေသူတွေ နဲ့ နိုင်ရာတာဝန် မထမ်းနိုင်တဲ့ ပြည်သူလူထုကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးဟာ များစွာ နှောင့်နှေးခဲ့ကြရတယ်။
လူတိုင်းဟာ အမှားမကင်းကြပါဘူး ။ ဒါပေမယ့် မှားနေတယ်ဆိုတာကို သိရင် ပြင်ရဲကြရမယ် ။ ကျွန်တော်ဆိုလိုတာကို နိုင်ငံရေးပညာရှင်များ
အနေနဲ့ သိရှိပြီးသားပါ
အဲဒီ အုပ်စု လေးခု ဟန်ချက် ညီညီ လုပ်ရှားနိုင်ရင် ကျိန်းသေပေါက် အာဏာရှင်စနစ်ဆိုး အောက်က လွတ်မြောက်လာပါလိမ့်မယ် ။
အရင်က မှားခဲ့တာတွေကို ပြင်ပြီး အခုချိန်မှာ စစ်မှန်တဲ့ စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ပေးကြပါလို့ မြန်မာ နိုင်ငံ ဒီမိုကရေစီ အရေး ကြိုးပမ်းသူများ အာလုံးကို လေးစားစွာ တိုက်တွန်းပြောဆိုချင်ပါတယ် ။

ကြားနေ၀ါဒ ကျင့်သုံးနေကြတဲ့ ပြည်သူလူထု ကို နိုင်ငံအရေးဆိုတာ နိုင်ငံသားတိုင်းနဲ့ဆိုင်ပါတယ် ။ ယခုလိုကြားနေ၀ါဒ ကို ကျင့်သုံးတယ်ဆိုတာ
အာဏာရှင်စနစ်ကို ထောက်ခံနေတယ်ဆိုတာ သူတို့သိအောင် ကျွန်ူပ်တို့ အမြန်ဆုံးကြိုးစား ပြောဆို လမ်းပြမှ ဖြစ်မယ် ။ အမှန်တရားကို သူတို့တွေ
သိရှိနားလည်လာရင် တိုင်းပြည်ချစ်တဲ့ အုပ်စုတွေထဲ ပါလာကြလိမ့်မယ်။ နိုင်ငံရေးကို ဗန်းပြ လုပ်ကိုင်စားနေကြတဲ့ သူတွေကိုလည်း အသိတရားရအောင် စည်းရုံးပြောဆိုကြပေါ့ ။ အာဏာရှင် လက်ကိုင်ဒုတ်အဖြစ်အသုံးချနေတဲ့ ကြံ့ဖွတ်တို့ စွမ်းအာရှင်တို့ဆိုတာ က ပြည်သူလူထု
ညီညွှတ်မှုကို မြင်တာနဲ့ သူတို့ ဘာလုပ်ရမယ်ဆိုတာ အလိုလို နားလည်လာကြလိမ့်မယ် ။ အဓိက က ပြည်သူလူထု အနေနဲ့ တိုင်းပြည်ချစ်စိတ်ကို လက်တွေ့ကျင့်သုံးပြီး စည်းလုံးညီညွှတ်မှု ကို အမြန်ဆုံးဖော်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။

နေရာတိုင်းမှာ အကောင်းနဲ့ အဆိုးဒွန်တွဲနေတာပါဘဲ ။ နိုင်ငံရေး လုပ်ရှားသူတွေ ကြားမှာ လုပ်စားနေသူတွေ ရှိတာ ကျွန်တော် မငြင်းပါဘူး ။
အဲဒီလိုဘဲ အာဏာရှင်စနစ် ကို လက်ခံကျင့်သုံးနေတဲ့ လူတွေ ကြားမှာလည်း အမှန်တရားကို ချစ်မြတ်နိုးသူတွေ ရှိပါသေးတယ် ။

အဲဒီတော့ တကယ်တိုင်းပြည် ကောင်းကျိုးအတွက် လုပ်ရှားနေသူ တွေရဲ့ မျက်နှာကို ဘဲ ကြည့်ကြပါ ။ လုပ်စားနေသူ အနည်းငယ်ရှိတာ နဲ့
မယုံကြည် ကြဘူုးဆိုရင် ဘ၀ တစ်လျှောက် လုံး ဒီလို စနစ်ဆိုးကြီးရဲ့ အောက်က ရုန်းထွက် လွတ်မြောက်ကြဖို့ လမ်းမမြင်ဘူး ဖြစ်သွားကြလိမ့်မယ်။
ဒီနေ့ နိုင်ငံတကာ က ဘယ်လောက် ဘဲ ဖိအားပေးပေး ပြည်သူလူထုက ငြိမ်ပြနေရင်တော့ ကျွန်တော်တို့ တာဝန်မကျေရာ ရောက်ကြလိမ့်မယ်။
အခါအခွင့်သင့်တာနဲ့ တပြိုင်နက်ထဲ ဒီမိုကရေစီ နိုင်ငံထူထောင်ဖို့ ပြည်သူလူနဲ့ ပူးပေါင်းချင်ကြတဲ့ ၀န်ထမ်းတွေနဲ့ တပ်မတော်သားတွေ လည်း အများကြီးပါ ။ ကျွန်တော်မြန်မာနိုင်ငံ ပြည်သူလူထု အနေနဲ့ တိုင်းပြည်ကို တကယ်ချစ်ကြလိမ့်မယ်လို့ ယုံကြည်ထားပါတယ် ။
အဲဒီလို ချစ်တဲ့ နေရာမှာ လက်တွေ့ ကြကြ ချစ်ပြနိုင်ဖို့ အတွက် ကိုယ်နိုင်ရာ တာဝန်ကို ထမ်းဆောင်ပေး ကြပါလို့ အလေးအနက်
ထပ်မံ တိုက်တွန်းပြောကြား လိုပါတယ် ။ မြန်မာနိုင်ငံ ဒီမိုကရေစီ အရေး ကြိုးပမ်းနေကြသူများ အားလုံးနဲ့ ပြည်သူလူထုတရပ်လုံးက တိုင်းပြည်ကို
လက်တွေ့ကျကျ ချစ်ပြကြကာ လွတ်လပ်၍ တရားမျှတကာ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသာယာတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီသို့ ညီညာစွာ
ချီတက်ကြပါစို့ .............................

ခင်မင်လေးစားလျှက်

ဗမာ့သွေး